
တောင်ပံကစားသမား ဂါနာချိုဟာ ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့ခွင့်ပြုဖို့ မန်ယူအသင်းဆီ တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။
အာဂျင်တီးနားကစားသမားကို ချဲလ်ဆီးအသင်းက ပေါင် သန်း ၅၀ လောက်နဲ့ ခေါ်ယူနိုင်ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားပေမဲ့ ကြန့်ကြာနေတဲ့အပေါ် ဂါနာချိုက ထွက်ခွာခွင့် တောင်းဆိုလိုက်တာလို့ သိရပါတယ်။
ထွက်ခွာခွင့်မပြုဘူးဆိုရင် နောက်ထပ် ၆ လ ဒါမှမဟုတ် ၁ နှစ်လောက်အထိ အရန်ခုံ ထိုင်ရနိုင်ကြောင်းလည်း ဂါနာချိုကပြောတယ်လို့ အီတလီဂျာနယ်လစ် ရိုမာနိုက ရေးသား ဖော်ပြပါတယ်။
ဂါနာချိုဟာ မန်ယူအသင်းနဲ့ စုစုပေါင်း ၁၄၄ ပွဲ ကစားခဲ့ရာမှာ ၂၆ ဂိုးသွင်းပြီး ၂၂ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့သူပါ။
ချဲလ်ဆီးအသင်းဟာ ဂါနာချိုအတွက် မန်ယူအသင်းနဲ့ ပြောင်းရွှေ့ကြေးကိစ္စ အပြီးသတ် သဘောတူညီမှုရရှိဖို့ ဆက်လက်ဆွေးနွေးနေတယ်လို့ သိရပါတယ်။