
မလိုလားအပ်တဲ့ အနီကတ်ပြစ်ဒဏ်တွေ မကျူးလွန်ဖို့ ချဲလ်ဆီးနည်းပြ မာရက်စ်ကာက သတိပေး ပြောသွားပါတယ်။
ဘင်ဖီကာနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၂ မှာ ချဲလ်ဆီးအသင်းက တဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမဲ့ တိုက်စစ်မှူး ဂျာအိုပတ်ဒရိုက ပွဲပြီးခါနီးမှာ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။
ချဲလ်ဆီးအသင်းဟာ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာလည်း နောက်ခံလူ ချာလိုဘတ် ထုတ်ပယ်ခံခဲ့ရသလို မန်ယူကိုရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာလည်း ဂိုးသမားဆန်းချက်ဇ် ထုတ်ပယ်ခံခဲ့ရတာပါ။
နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲအထိ တယောက်လျော့နဲ့ ကစားခဲ့ရတဲ့အပေါ် နည်းပြမာရက်စ်ကာက ကစားသမားတွေကို သတိပေးလိုက်ပြီး မလိုလားအပ်ဘဲ ၁၀ ယောက်တည်းနဲ့ ကစားရအောင် မကျူးလွန်ဖို့ တိုက်တွန်းခဲ့တာပါ။
ပတ်ဒ်ရို ပြသခံခဲ့ရတဲ့ အနီကတ်ဟာလည်း ရှောင်ကြဉ်သင့်တဲ့ ကျူးလွန်မှုဖြစ်ပြီး တခါတရံမှာ ဂိုးပေးရသည့်တိုင် အနီကတ်ပြသခံရအောင် လုပ်ဆောင်ဖို့ မလိုအပ်ဘဲ ၁၁ ယောက်ချင်း ကစားတာက ရလဒ်ကောင်းမွန်ဖို့ ပိုပြီး အခွင့်အရေးများကြောင်း နည်းပြမာရက်စ်ကာက ပြောသွားပါတယ်။




