
ဝုဗ်အသင်းနဲ့ ကစားရမယ့် EFL လိဂ်ဖလားပွဲစဉ်မှာ ပွဲထွက်လူစာရင်းအပြောင်းအလဲ လုပ်ဆောင်သွားမယ်လို့ ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ပြောပါတယ်။
ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအတွက် အလှည့်ကျ ပွဲထွက်တဲ့စနစ်အသုံးပြုသွားဖို့ လိုအပ်ပြီး ပွဲထွက် ၁၁ ယောက်ကိုပဲ တောက်လျှောက် အသုံးပြုမယ်ဆိုရင် ရလဒ်ကောင်းဖို့ ရုန်းကန်ရနိုင်ကြောင်း နည်းပြမာရက်စ်ကာက ပြောပါတယ်။
ဝုဗ်နဲ့ လိဂ်ဖလားပွဲမှာလည်း ပွဲထွက်လူစာရင်း အပြောင်းအလဲရှိမှာဖြစ်ပြီး ဘယ်နှယောက်အထိ အပြောင်းအလဲဖြစ်မလဲဆိုတာကိုတော့ တပ်အပ်မပြောနိုင်သေးကြောင်း နည်းပြမာရက်စ်ကာက ပြောပါတယ်။
ဝုဗ်နဲ့ပွဲမှာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာတဲ့ တိုက်စစ်မှူးဒလတ်ဖ်ကို အသုံးပြုဖို့ရှိပြီး အန်ဇိုဖာနန်ဒက်၊ ကိုင်ဆီဒိုနဲ့ ပတ်ဒရိုတို့ကို အနားပေးဖို့ နည်းပြမာရက်စ်ကာက စီစဉ်ထားကြာင်း ပြောသွားပါတယ်။
Photo: Reuters


