
ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဟာ ဆက်ဆံရေးအဆင်မပြေဖြစ်လာတဲ့ စီရော်နယ်ဒိုကို ပေါင် ၄၃ သန်းရရှိမယ်ဆိုရင် ရောင်းထုတ်သွားဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
အသက် ၄၁ နှစ်ရှိ ပေါ်တူဂီတိုက်စစ်မှူးဟာ အသင်းရဲ့ကစားသမားအင်အားဖြည့်တင်းမှုတွေအပေါ် အားမလိုအားမရ ဖြစ်ခဲ့ပြီးနောက် အယ်လ်ရီယက်နဲ့ အယ်လ်အစ်တီဟတ်အသင်းတွေနဲ့ ပွဲစဉ် ၂ ပွဲစလုံးမှာ ပါဝင်ကစားခြင်းမရှိဘဲ ဆန္ဒပြခဲ့တာပါ။
အယ်လ်နာဆာအသင်းဘက်ကတော့ ရော်နယ်ဒိုအနေနဲ့ ပုဂ္ဂိုလ်ရေး ခံစားမှုတွေကို ရှေ့တန်းမတင်သင့်ကြောင်းနဲ့ အသင်းထက် အရေးကြီးတဲ့ ကစားသမားမရှိကြောင်း အရိပ်အမြွက် ရေးသားထားတဲ့ ထုတ်ပြန်ချက်တခုကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ထုတ်ပြန်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ အသင်းနဲ့ စာချုပ်ပါလျော်ကြေးအဖြစ် ပေါင် ၄၃ သန်း ချုပ်ဆိုထားတာကြောင့် စာချုပ်ဖျက် သိမ်းကြေးပေးနိုင်တဲ့အသင်းကို ရောင်းချသွားဖို့ အယ်လ်နာဆာဘက်က ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
ရော်နယ်ဒိုကိုခေါ်ယူဖို့ အမေရိကန်မေဂျာလိဂ်ကလပ်တွေက စိတ်ဝင်စားနေသလို ကာတာလိဂ်မှာလည်း ကစားဖွယ်ရှိကြောင်း ခန့်မှန်းသုံးသပ်မှုတွေ ရှိပါတယ်။
Photo: Reuters


