Home
အားကစား
ဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှ ထွက်ခွါရန် စီရော်နယ်ဒို စဉ်းစား
DVB
·
February 4, 2026
Photo: Reuters

ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ ဆော်ဒီကလပ် အယ်လ်နာဆာကနေ ထွက်ခွာဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

အသက် ၄၀ နှစ်ရှိ စီရော်နယ်ဒိုဟာ တပတ်လုပ်ခ ပေါင် ၅ သိန်းနီးပါး ရရှိနေပြီး ကမ္ဘာ့လုပ်ခအများဆုံး ကစားသမား ဖြစ်နေပေမဲ့ အသင်းရဲ့ လူအင်အားဖြည့်တင်းမှုတွေအပေါ် အားမလိုအားမရ ဖြစ်နေတာကြောင့် ထွက်ခွာဖို့ စဉ်းစားနေတာဖြစ်တယ်လို့ သိရပါတယ်။ 

ပေါ်တူဂီမီဒီယာ Record ရဲ့ အဆိုအရ စီရော်နယ်ဒိုဟာ အသင်းရဲ့ ဘဏ္ဍာရေးအင်အား သုံးစွဲနိုင်မှုအပေါ် တခြားပြိုင်ဘက်အသင်းတွေနဲ့ နှိုင်းယှဉ်ပြီး ကျေနပ်မှုမရှိတာကြောင့် ထွက်ခွာဖို့အထိ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

စီရော်နယ်ဒိုဟာ အသင်းနဲ့ ယူရိုသန်း ၅၀ တန် စာချုပ်ဖျက်သိမ်းကြေး စာချုပ်ရှိပြီး အဲဒီပမာဏကို ပေးချေနိုင်တဲ့ အသင်းတိုင်းက စီရော်နယ်ဒိုကို ခေါ်ယူခွင့်ရှိမှာပါ။

စီရော်နယ်ဒိုကို ခေါ်ယူဖို့ အမေရိကန် မေဂျာလိဂ်ကလပ်တွေက စိတ်ဝင်စားနေပြီး မိုင်ယာမီ တိုက်စစ်မှူး မက်ဆီနဲ့အပြိုင် စီရော်နယ်ဒိုကိုလည်း မေဂျာလိဂ်ဆီ ခေါ်ဆောင်ပြီး အားပြိုင်စေဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013