
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ကမ္ဘာကျော်ဘောလုံးသမား ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုတို့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့တဲ့အပေါ် ပရိသတ်တွေက အမြင်အမျိုးမျိုး ရှိနေပါတယ်။
စီရော်နယ်ဒိုဟာ စေ့စပ်ထားတဲ့ ချစ်သူ ဂျော်ဂျီနာ အပါအဝင် ဆော်ဒီအိမ်ရှေ့မင်းသားရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့အတူ နိုဝင်ဘာ ၁၈ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့တာပါ။
သမ္မထရမ့်ပ်နဲ့ ရော်နယ်ဒို တွေ့ဆုံမှုအပေါ် ဝမ်းနည်းစရာ အကောင်းဆုံးနေ့အဖြစ် ဒေါ်နယ်ထရမ့်ပ်ကို မနှစ်သက်တဲ့ ရော်နယ်ဒို ပရိသတ်တယောက်က မှတ်ချက်ပေးခဲ့သလို မက်ဆီထက် ပိုကောင်းကြောင်း သက်သေပြဖို့ မလိုအပ်တော့ကြောင်း ရော်နယ်ဒိုကို မေးခွန်းထုတ်ခဲ့ပါတယ်။
နောက်ထပ် ပရိသတ်တယောက်ကတော့ ရော်နယ်ဒို အနေနဲ့ အိမ်ဖြူတော်မှာ ဘာလုပ်စရာရှိသလဲလို့ မေးခွန်းထုတ်ပါတယ်။
ပရိသတ်တချို့ကတော့ မိမိတို့ရဲ့ သမ္မတနဲ့ အနှစ်သက်ဆုံး ကစားသမားဆိုပြီး မှတ်ချက်ပေးကြပါတယ်။
စီရော်နယ်ဒိုအနေနဲ့ ၂၀၁၇ ခုနှစ်က အမေရိကန်သူ ဆရာမတယောက်က အဓမ္မကျင့်မှုနဲ့ စွပ်စွဲခဲ့တဲ့နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ကို လူသိရှင်ကြား လာရောက်ခဲ့တာ ဖြစ်ပါတယ်။


