Home
မြန်မာသတင်း
ကမ္ဘာ့ရေနံဈေး မြင့်တက်မှုကြောင့် ပြည်တွင်း စက်သုံးဆီဈေး ထပ်မံမြင့်တက်
DVB
·
March 6, 2026
Photo: DVB

ကမ္ဘာ့ရေနံဈေး မြင့်တက်မှုကြောင့် ပြည်တွင်း စက်သုံးဆီ ရည်ညွှန်းဈေးတွေ အခုတပတ်မှာ ထပ်မံ မြင့်တက်လာပါတယ်။ အမျိုးအစားအလိုက် တလီတာကို ၄၅ ကျပ်ကနေ ၁၁၀ ကျပ်အထိ တက်လာပါတယ်။

မတ် ၆ ရက်က ထုတ်ပြန်တဲ့ စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းမှာ အောက်တိန်း ၉၂ တလီတာကို ၂,၅၂၅ ကျပ်၊ အောက်တိန်း ၉၅ တလီတာကို ၂,၅၉၅ ကျပ်၊ ဒီဇယ် တလီတာကို ၂,၆၁၀ ကျပ်နဲ့ ပရီမီယံဒီဇယ် တလီတာကို ၂,၉၀၅ ကျပ် သတ်မှတ်ထားပါတယ်။

ဒီဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့သီတင်းပတ်နဲ့ နှိုင်းယှဉ်ကြည့်ရင် စက်သုံးဆီ အမျိုးအစားအလိုက် တလီတာကို ၄၅ ကျပ်ကနေ ၁၁၀ ကျပ်အထိ မြင့်တက်လာပါတယ်။

အခုလို တက်လာတာရဲ့ အကြောင်းရင်းကတော့ ကမ္ဘာ့ရေနံဈေး မြင့်တက်မှုကြောင့် ဖြစ်တယ်လို့ ဈေးကွက်စောင့်ကြည့်သူတွေက ဆိုပါတယ်။

လက်ရှိ Brent crude oil ဈေးဟာ တစည်ကို ၈၅ ဒေါ်လာ ဝန်းကျင်အထိ ရောက်ရှိနေပြီး အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် ကမ္ဘာ့စွမ်းအင်စီးဆင်းမှုအပေါ် စိုးရိမ်မှုတွေ ဖြစ်လာတာက ဈေးမြင့်တက်စေခဲ့တာလို့ ဈေးကွက်စောင့်ကြည့်သူတွေက ဆိုပါတယ်။

စစ်ကောင်စီက ပြည်တွင်းမှာ စက်သုံးဆီပြတ်တောက်မှု မဖြစ်စေပါဘူးလို့ သတင်းထုတ်ပြန်ထားပေမဲ့ ကမ္ဘာ့ဈေးနှုန်းနဲ့အညီ ဈေးတွေ တက်နိုင်စရာ ရှိနေတယ်လို့တော့ ပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ စက်သုံးဆီ အသုံးပြုမှု လျှော့ချနိုင်ဖို့အတွက် ယာဉ်မောင်းနှင်မှုတွေကို ကန့်သတ်သွားဖို့ စီမံနေပြီး လက်ရှိ မြို့နယ်အချို့မှာ ဆီဝယ်ယူဖို့ တန်းစီစောင့်ဆိုင်းမှုတွေ ပိုများလာပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013