Home
မြန်မာသတင်း
နတ်ရေကန်တောင်ဗျူဟာ စခန်းကုန်းမှ အဓိကကာကင်း ၁ ခုကို AA သိမ်းပိုက်
DVB
·
March 6, 2026
Photo: AA Info Desk

အမ်း-ပဒါန်း ရိုးတောင်ကျော်လမ်းရှိ စစ်ကောင်စီရဲ့ နတ်ရေကန်တောင် လေကြောင်းရန် ဗျူဟာစခန်းရဲ့ အဓိက ကာကင်းစခန်းတခုကို အာရက္ခတပ်တော် (AA) က ​မတ် ၄ ရက်မှာ တိုက်ခိုက် သိမ်းပိုက်လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။

စစ်ရေးသတင်းရင်းမြစ်တယောက်က “ဗျူဟာကုန်းနဲ့ တကြောတည်း အဲဒီကာကင်းစခန်းကုန်းက အခုတော့ AA က အကုန်သိမ်းလိုက်ပြီ”လို့ ပြောပါတယ်။

စစ်ကောင်စီ ကာကင်းစခန်းကို သိမ်းပိုက်ရရှိစဉ် စစ်သုံ့ပန်းနဲ့အတူ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်း ရမိတယ်လို့ သူက ဆက်ပြောပါတယ်။

အဆိုပါ ဗျူဟာကုန်းစခန်းကြီးရဲ့ ကာကင်း သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီလေတပ်က ဂျက်၊ Y12 တို့နဲ့ နေ့ရောညပါ လာရောက်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ဗျူဟာကုန်းနဲ့ ပတ်လည်ကို နေ့ရောညပါ လေကြောင်းက လာပစ်တယ်။ ဆုန်ကုန်း၊ ကပစ ၁၄ က ​အမြောက်ကြီးနဲ့ပါ ပစ်နေတယ်။”

အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက စစ်ကောင်စီရဲ့ နတ်ရေကန်တောင် လေကြောင်းရန်ကာကွယ်ရေး ဗျူဟာကုန်းကို နှစ်နဲ့ချီပြီး ဝိုင်းပိတ်ကာ စားနပ်ရိက္ခာ ဖြတ်တောက် ထားပြီးနောက် ၂၀၂၆ ခုနှစ် မတ်လ ပထမအပတ်မှာ ဗျူဟာရဲ့ အဓိက ကာကင်းစခန်းကို AA က စတင်သိမ်းတာဖြစ်တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013