
နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ ဘောလုံးဒါရိုက်တာ အီဒူးဟာ အသင်းရဲ့ ရလဒ်ဆိုးရွားမှုတွေကြောင့် ရာထူးကနေ နုတ်ထွက်ရဖို့ နီးစပ်နေပြီး လေ့ကျင့်ရေးကွင်းကိုတောင် မလာဖို့ အသင်းက တားမြစ်ထားတယ်လို့ သိရပါတယ်။
ဖောရက်စ်ဟာ ဒီရာသီမှာ နည်းပြ ၄ ယောက်အထိ ပြောင်းလဲခဲ့သလို ကစားသမားသစ်တွေအတွက် ပေါင်သန်း ၂၀၀ နီးပါး အသုံးချခဲ့ပေမဲ့ လက်ရှိမှာ တန်းဆင်းဇုန်နဲ့ အမှတ်တူ အဆင့် ၁၇ နေရာမှာသာ ရုန်းကန်နေရတာပါ။
အီဒူးဟာ အသင်းရဲ့ နောက်ဆုံး ၃ ပွဲဆက်တိုက်ကိုလည်း လာရောက်ကြည့်ရှုခြင်း မရှိတော့ဘဲ အသင်းတွင်းမှာလည်း သူ့ရဲ့လုပ်ဆောင်ချက်တွေအပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
အသင်းဘက်ကတော့ အီဒူးဟာ ပုံမှန်အတိုင်း ဆက်လက်အလုပ်လုပ်နေတယ်လို့ ငြင်းဆိုထားပေမဲ့ လာမဲ့ရာသီမှာတော့ သူဟာ အသင်းကနေ ထွက်ခွာရဖို့ များနေပါတယ်။


