
အီရန်နိုင်ငံဟာ ခိုရမ်ရှား-၄ (Khoramshahr 4) ဒုံးကျည်ကို ပစ်လွှတ်လိုက်တဲ့ ဗီဒီယိုဖိုင်တခုကို မတ် ၅ ရက်က ထုတ်ဖော်ပြသလိုက်ပါပြီး ဘယ်နေရာကနေ ပစ်လွှတ်တယ်ဆိုတာကို မဖော်ပြထားပေမဲ့ ညဘက်ကြီး ကောင်းကင်ပေါ်ကို ဒုံးကျည်ပျံတက်သွားတာကို ဗီဒီယိုထဲမှာ တွေ့ရပါတယ်။
ခိုရမ်ရှား ဒုံးကျည်ဟာ အီရန်ရဲ့ အဝေးပစ် ပဲ့ထိန်းဒုံးကျည် အမျိုးအစားဖြစ်ပြီး ပစ်မှတ်ကို အလွန်ပြင်းထန်တဲ့ ထိခိုက်မှုပေးနိုင်တဲ့ လက်နက်လို့ လူသိများပါတယ်။
အီရန်ဘက်က ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့လို့ အစ္စရေးနိုင်ငံသား သန်းနဲ့ချီပြီး ဗုံးခိုကျင်းထဲကို ပြေးဝင်ပုန်းအောင်းခဲ့ရပြီး နောက်မှာ အစ္စရေးဘက်ကလည်း ကြာသပတေးနေ့မှာပဲ တီဟီရန် မြို့ပေါ်ကို လေကြောင်းကနေ အပြင်းအထန် ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။
အစ္စရေးကတော့ အီရန်အာဏာပိုင်တွေနဲ့ ပတ်သက်တဲ့ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတာလို့ ပြောပါတယ်။
အမေရိကန်နဲ့ အီရန်အကြား ဖြစ်ပွားနေတဲ့စစ်ပွဲက ၆ ရက်မြောက်ထဲကို ဝင်ရောက်လာပြီဖြစ်ပြီး ဒီပဋိပက္ခဟာ ပင်လယ်ကွေ့ဒေသကို ကျော်လွန်ကာ အာရှအထိပါ ကျယ်ပြန့်လာနေပြီး ကမ္ဘာ့စီးပွားရေးဈေးကွက်တွေမှာလည်း မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာပါတယ်။
ဒီအခြေအနေကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ ပိတ်မိနေတဲ့ ခရီးသွားတွေနဲ့ ဒေသခံ ထောင်ပေါင်းများစွာဟာ ဘေးလွတ်ရာကို ထွက်ခွာနိုင်ဖို့ ကြိုးစားနေကြရပါတယ်။
Source: Reuters


