
အာဆင်နယ်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ပြီးနောက် ဘရိုက်တန်နည်းပြ ဟာဆယ်လာက အာဆင်နယ်ရဲ့ ကစားဟန်ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
အာဆင်နယ်က ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမဲ့ နည်းပြဟာဇယ်လာကတော့ အာဆင်နယ်ဟာ ဘောလုံးကစားခြင်းထက် အချိန်ဖြုန်းခြင်းကိုသာ အာရုံစိုက်ခဲ့ကြောင်း ပြစ်တင်ခဲ့တာပါ။
ဟာဆယ်လာက “ကျနော်ကတော့ အခုလိုနည်းလမ်းမျိုးနဲ့ အနိုင်ရဖို့ ဘယ်တော့မှ ကြိုးစားမှာမဟုတ်ဘဲ ကစားသမားတွေ ကွင်းထဲမှာ တိုးတက်လာဖို့ကိုပဲ အလေးထားတယ်”လို့ ဆိုခဲ့ပါတယ်။
အာတီတာကတော့ ဟာဇယ်လာမှာ အမြဲညည်းတွားတတ်သူသာဖြစ်ပြီး သူ့အနေနဲ့ မိမိကစားသမားတွေရဲ့ ယှဉ်ပြိုင်လိုစိတ်ကိုသာ သဘောကျကြောင်း ပြန်လည်ချေပခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် အာဆင်နယ်က မန်စီးတီးကို ၇ မှတ်ဖြတ်ကာ ချန်ပီယံဆုအတွက် အားသာချက်ရခဲ့ပေမဲ့ အသင်းရဲ့ ကစားဟန်ကိုတော့ ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။


