
မန်စီးတီးအသင်းဟာ ဟာလန်းဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ဆီမန်ညိုရဲ့ တလုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် မန်စီးတီးဟာ ဇယားထိပ်က အာဆင်နယ်နဲ့ ၂ မှတ်အကွာအထိ ကပ်လိုက်လာနိုင်ခဲ့တာပါ။
ဘုန်းမောက်ကနေ ပေါင် ၆၂ သန်းခွဲနဲ့ ပြောင်းရွှေ့လာတဲ့ ဆီမန်ညိုဟာ မန်စီးတီးအတွက် ၁၁ ပွဲမှာ ၆ ဂိုးအထိ သွင်းယူပေးထားပြီး ဒီနှစ်အတွင်း အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားလည်း ဖြစ်နေပါတယ်။
ဒါ့အပြင် သူရောက်လာပြီးနောက်ပိုင်း မန်စီးတီးဟာ ပရီးမီးယားလိဂ် ၄ ပွဲဆက် အနိုင်ရရှိထားသလို ဟာလန်းအပေါ် ဂိုးသွင်းဖို့ အားကိုးနေရတဲ့ အခြေအနေကိုလည်း လျှော့ချပေးနိုင်ခဲ့ပါတယ်။
အာဆင်နယ်ဟာ ဒီနေ့ညမှာ ချဲလ်ဆီးကို အိမ်ကွင်းမှာ ဧည့်ခံကစားမှာဖြစ်ပြီး ဆီမန်ညိုကတော့ အာဆင်နယ်ရဲ့ ရလဒ်ကို စောင့်ကြည့်ရမှာဖြစ်ပေမဲ့ သူတို့အနေနဲ့ကတော့ ကိုယ်တိုင်ထိန်းချုပ်လို့ရတဲ့ နိုင်ပွဲရရှိရေးကိုပဲ အဓိက အာရုံစိုက်သွားမယ်လို့ ပြောပါတယ်။


