Home
အားကစား
လိဒ်ယူနိုက်တက်နှင့် ပွဲချိန်အတွင်း ဝါဖြေရန် မန်စီးတီးမွတ်စလင် ကစားသမားများ စီစဉ်ထား
DVB
·
February 28, 2026
Photo :Reuters

အခုကျရောက်နေတဲ့ ရာမဒါန်ဥပုသ်လအတွင်း မန်စီးတီးအသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ မာမွရှ်၊ အိုက်နူရီ၊ ရှာကီနဲ့ ခူဆာနော့ဗ်တို့ဟာ ဝတ်ပြုဆုတောင်းတာနဲ့အတူ ဥပုသ်သီလ ဆောက်တည် နေကြပါတယ်။

လာမဲ့ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ပွဲစပြီး ၁၀ မိနစ်ကျော်အကြာမှာ နေဝင်ချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် ကစားသမားတွေ အာဟာရဖြည့်တင်းနိုင်ဖို့ ပွဲခဏရပ်နားပေးဖို့ လိဒ်အသင်းနဲ့ ညှိနှိုင်း စီစဉ်ထား ပါတယ်။

မန်စီးတီးဟာ ၂၀၁၆ ကတည်းက အားကစားဆိုင်ရာ မွတ်စလင်ဘာသာရေး အကြံပေးအဖွဲ့ (MCS) နဲ့ နီးနီးကပ်ကပ် လက်တွဲထားတာပါ။ 

အဖွဲ့တည်ထောင်သူ အီမန်အစ္စမေးလ်က ကစားသမားတွေ ဝတ်ပြုဖို့ ဦးဆောင်ပေးသလို၊ လေ့ကျင့်ရေး ကွင်းတွေအထိ သွားရောက်ပြီး ကစားသမားတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အခက်အခဲတွေ ကိုပါ  အကြံပေးဖြေရှင်းပေးနေတာ ဖြစ်ပါတယ်။

နည်းပြ ဂွါဒီယိုလာကိုယ်တိုင်ကလည်း ဒီစနစ်ကို အားပေးပြီး ကစားသမားတွေရဲ့ ယုံကြည်ချက်ကို လေးစားကြောင်း ပြသထားပါတယ်။

Photo:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013