
လက်ကျန်ပွဲစဉ်အားလုံးမှာ မန်စီးတီး အနိုင်ရရှိမယ်ဆိုရင် ချန်ပီယံဖြစ်သွားတော့မှာဖြစ်ကြောင်း အာဆင်နယ် ကစားသမားဟောင်း အစီအစဉ်သုံးသပ်သူ ပေါလ်မာဆင်က သုံးသပ်သွားပါတယ်။
အာဆင်နယ်က ဝုဗ်အသင်းနဲ့ ၂ ဂိုးစီ သရေကျတဲ့ပွဲစဉ် အပြီးမှာ ချန်ပီယံဖြစ်ခွင့်အပေါ် ပေါလ်မာဆင်က သုံးသပ်ခဲ့တာပါ။
သူအားပေးတဲ့ အာဆင်နယ်အသင်း အနိုင်မရတဲ့အပေါ် စိတ်ပျက်မိပြီး အာဆင်နယ်အသင်းဟာ ပွဲအရှိန်ကို မတင်ဘဲ နှေးကွေးစွာ ကစားခဲ့တဲ့အတွက် ဝုဗ်ကို အခွင့်အရေးတွေ ပေးခဲ့တာဖြစ်ကြောင်း ပေါလ်မာဆင်က ပြောပါတယ်။
လက်ကျန်ပွဲစဉ်တွေ အားလုံးကို မန်စီးတီး အနိုင်ရမယ်ဆိုရင် မန်စီးတီး ချန်ပီယံဆုဖလား ရယူနိုင်လိမ့်မယ်လို့ ပေါလ်မာဆင်က ပြောပါတယ်။
အာဆင်နယ်ဟာ လက်ကျန် ၁၂ ပွဲ အလိုမှာ မန်စီးတီးထက် တပွဲပိုကစားပြီး ၅ မှတ်ပဲ အသာရနေတာ ဖြစ်ပါတယ်။


