
အာဆင်နယ်အသင်းဟာ တောင်ပံကစားသမား ဆာကာကို လုပ်ခအများဆုံးပေးပြီး ၂၀၃၁ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးလိုက်ပါတယ်။
BBC Sport ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ ဆာကာကို တပတ်လုပ်ခ ပေါင် ၃ သိန်းကျော်အထိ ပေးပြီး သက်တမ်းတိုးခဲ့တာဖြစ်လို့ ဆာကာက အသင်းရဲ့ လုပ်ခအများဆုံး ကစားသမား ဖြစ်လာမယ်လို့ ဆိုပါတယ်။
အာဆင်နယ်အနေနဲ့ အခုနှစ်နွေရာသီမှာ ဆာလီဘာ၊ ဂါဘရီယယ်၊ အီသန်နွန်နရီနဲ့ လူးဝစ်စကယ်လီတို့ကို စာချုပ်သက်တမ်း တိုးမြှင့်နိုင်ခဲ့ပြီးနောက် နောက်ထပ် အဓိက ကစားသမားတယောက်ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ဆာကာဟာ သူ့အသက် ၁၇ နှစ်ပဲ ရှိသေးချိန် ၂၀၁၈ ခုနှစ်က အသင်းကြီးမှာ စတင်ပွဲထွက်ခွင့်ရခဲ့ပြီး ပရီးမီးယားလိဂ် ၂၁၇ ပွဲ ကစားပြီးချိန်မှာ ၅၇ ဂိုး သွင်းယူထားပါတယ်။


