
ချန်ပီယံဆုအတွက် အတူတကွရှေ့ဆက်ဖို့ လိုအပ်ကြောင်း အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာက ပြောသွားပါတယ်။
အာဆင်နယ်ဟာ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ တဂိုးစီသရေရလဒ်သာ ကစားနိုင်ခဲ့တာကြောင့် မန်စီးတီးကို ၆ မှတ် ပြန်လည်အသာရမဲ့ အခြေအနေ လက်လွှတ်ခဲ့ရပြီး ၄ မှတ်သာ ကွာဟတော့တာပါ။
ဒုတိယပိုင်း ၆၁ မိနစ်မှာ မာဒူအက်ကီက ဦးဆောင်ဂိုး စတင်သွင်းယူနိုင်ခဲ့ပေမဲ့ နောက် ၁၀ မိနစ်အကြာ ၇၁ မိနစ်အရောက်မှာပဲ ဘရန့်ဖို့ဒ်က ချေပဂိုး သွင်းသွားတာပါ။
ဘရန့်ဖို့ဒ်ကွင်းက ခက်ခဲတဲ့နေရာဖြစ်ပြီး တမှတ်ပဲ ရယူနိုင်ခဲ့လို့ စိတ်ပျက်မိပေမဲ့ ချန်ပီယံဆုအတွက် ကောင်းမွန်တဲ့နေရာမှာ ရှိနေဆဲဖြစ်ပြီး အတူတကွ ရှေ့ဆက်သွားဖို့ လိုအပ်ကြောင်း ဂိုးသမား ရာယာက ပြောသွားတာပါ။
အာဆင်နယ်ဟာ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ဂိုးရဖို့ မျှော်လင့်နိုင်မှု ၀ ဒသမ ၆ သာရှိခဲ့ပြီး အခုနှစ် ပရီးမီးယားလိဂ်မှာ တတိယမြောက် အနည်းဆုံးပွဲစဉ် ဖြစ်ခဲ့ပါတယ်။


