Home
အားကစား
ဖူဟမ်ကို ဂိုးပြတ်အနိုင်ယူပြီး အာဆင်နယ်ကို မန်စီးတီး ဖိအားပေး
DVB
·
February 12, 2026
Photo: Reuters

ဒီနေ့မနက်အစောပိုင်းက ကစားခဲ့တဲ့ အင်္ဂလန် ပရီးမီးယားလိဂ်မှာ မန်ချက်စတာစီးတီးအသင်းက ဖူလ်ဟမ်အသင်းကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ယူပြီး ဇယားထိပ်က အာဆင်နယ်အသင်းနဲ့ ၃ မှတ်သာကွာဟတဲ့ အခြေအနေကနေ ဖိအားပေးနေပါတယ်။

မန်ချက်စတာစီးတီးအသင်းအတွက် ဂိုးတွေကို ကစားသမားအသစ် ဆမ်မန်ညိုက ပွဲကစားချိန် ၂၄ မိနစ်မှာ ဖြတ်တင်ဘောကနေ လျှံကျလာတဲ့ ဘောလုံးကို ပိတ်သွင်းခဲ့သလို မိနစ် ၃၀ မှာ နီကိုး အိုရိုင်းလီက တန်ပြန်တိုက်စစ်ကနေတဆင့် ဆမ်မန်ညို ဖန်တီးပေးတဲ့ဘောလုံးကို အနီးကပ် ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ၃၉ မိနစ်မှာ တိုက်စစ်မှူး ဟာလန်းက ပင်နယ်တီ ဧရိယာထိပ်ကနေ ကန်သွင်းခဲ့ပြီး မန်စီးတီးတို့ ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် မန်စီးတီးအသင်းဟာ အာဆင်နယ်ထက် တပွဲပိုကစားထားပြီး သုံးမှတ်သာ ကွာဟပါတော့တယ်။

အာဆင်နယ်အသင်းကတော့ ပွဲစဉ် ၂၆ အဖြစ် မနက်ဖြန်မနက်အစောပိုင်းမှာ ဘရန့်ဖို့ဒ်အသင်းကို အဝေးကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013