
နည်းပြရာထူးတည်မြဲဖို့ အာမခံချက်မရှိကြောင်း လီဗာပူးနည်းပြ အာနဲစလော့က ဝန်ခံပြောသွားပါတယ်။
လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့တပတ်က ကစားခဲ့တဲ့ မန်စီးတီးနဲ့ပွဲစဉ်မှာ နောက်ကျဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် လက်ကျန် ၁၄ ပွဲအလိုမှာ အဆင့် ၆ နေရာ ရောက်ရှိသွားတာပါ။
လက်ကျန်တပွဲအလိုမှာ အဆင့် ၄ နေရာက မန်ယူနိုက်တက်နဲ့ ၆ မှတ် ကွာဟနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ နောက်ဆုံးအချိန်အထိ ရုန်းကန်သွားရဖို့ ရှိနေတာပါ။
လီဗာပူးအသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိဘူးဆိုရင် လက်ခံနိုင်စရာမရှိတဲ့ ဘောလုံးရာသီအဖြစ် သတ်မှတ်နိုင်ပြီး မိမိရာထူးတည်မြဲဖို့လည်း အာမခံချက်မရှိကြောင်း နည်းပြစလော့က ပြောပါတယ်။
နည်းပြတယောက်ရဲ့ အနာဂတ်အပေါ် လိဂ်အဆင့်အတန်း ရပ်တည်မှုနဲ့ ဆုံးဖြတ်တာမျိုး ရှိပေမဲ့ ကစားသမားတွေနဲ့ အသင်းရဲ့စွမ်းဆောင်ရည် တိုးတက်မှု အခြေအနေအရလည်း ဆုံးဖြတ်တာမျိုးရှိကြောင်း နည်းပြစလော့က ပြောသွားပါတယ်။


