
နောက်ကျဂိုးတွေ ပေးရတာက လီဗာပူးအသင်းရဲ့ ထုံးစံလို ဖြစ်နေပြီလို့ နည်းပြ အာနဲစလော့က ညည်းတွား ပြောကြားပါတယ်။
မန်စီးတီးနဲ့ပွဲမှာ ပွဲချိန် ၇၄ မိနစ်မှာ ရရှိခဲ့တဲ့ ဆိုဘော့စ်လိုင်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ပွဲချိန် ၈၄ မိနစ်နဲ့ ၉၃ မိနစ်တွေမှာ မန်စီးတီးက ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူသွားတာပါ။
ရမှတ်မရခဲ့တဲ့အပေါ် စိတ်ပျက်မိပြီး နောက်ကျဂိုးတွေ ပေးနေရတာက အသင်းရဲ့ထုံးစံလို ဖြစ်နေကြောင်း၊ ဒုတိယပိုင်းမှာ အကောင်းဆုံးကစားနိုင်ခဲ့ပြီး အခုနှစ်ရာသီမှာ မိမိတို့ရဲ့ခြေစွမ်းနဲ့ ထိုက်တန်တဲ့ရလဒ် မရရှိခဲ့တဲ့ပွဲတွေ အများကြီးရှိကြောင်း နည်းပြစလော့က ပြောပါတယ်။
လီဗာပူးဟာ အခုနှစ် ပရီးမီးယားလိဂ်မှာ နောက်ကျ အနိုင်ဂိုးပေးရတဲ့ အကြိမ်အရေအတွက် ၄ ကြိမ်ရှိပြီး အများဆုံးအသင်းအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။


