
စပါးအသင်းနဲ့ ပွဲစဉ်မှာ မန်စီးတီးက ၂ ဂိုးစီသရေသာ ကစားနိုင်ခဲ့တာကြောင့် ချန်ပီယံလုပွဲက ပြီးဆုံးသွားပြီဖြစ်ကြောင်း အင်္ဂလန်ဘောလုံးသမားဟောင်း ဂျေမီရတ်နက်ပ်က သုံးသပ်ပြောပါတယ်။
လက်ကျန် ၁၄ ပွဲ ကျန်သေးပေမဲ့ မန်စီးတီးနဲ့ အာဆင်နယ်အသင်းကြားမှာ ၆ မှတ် ကွာဟသွားခဲ့ပြီး ဒီအခြေအနေမှာ အာဆင်နယ်အသင်း ချန်ပီယံမဖြစ်ဘူးဆိုရင် အလွန်အံ့အားသင့်စရာ ဖြစ်လာမယ်လို့ ရတ်နက်ပ်က စကိုင်းစပေါ့ရဲ့ ရုပ်သံအစီအစဉ်မှာ ပြောသွားတာပါ။
၆ မှတ်ပြတ်သွားတာက အာဆင်နယ်ကစားသမားတွေအတွက် ဖိအားအနည်းငယ် လျော့ကျစေမှာ ဖြစ်ပြီး ရှေ့လာမဲ့ပွဲစဉ်တွေမှာ ဆက်လက်နိုင်ပွဲရယူနိုင်မယ်ဆိုရင် ၈ မှတ်၊ ၁၀ မှတ်အထိ အာဆင်နယ်က အမှတ်ဖြတ်နိုင်တော့မယ်လို့ လီဗာပူးနဲ့ စပါးကစားသမားဟောင်း ရတ်နက်ပ်က သုံးသပ်ပါတယ်။


