
ဘရိုက်တန်ကွင်းလယ်လူ ဂျိမ်းစ်မီလ်နာဟာ ပရီးမီးယားလိဂ်ရဲ့ ပွဲအများဆုံးစံချိန်ကို လိုက်မီသွားပါတယ်။
ဗီလာအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပွဲချိန် ၂၂ မိနစ်မှာပဲ လူစားဝင်ကစားခဲ့တဲ့ မီလ်နာဟာ ပရီးမီးယားလိဂ်ပွဲပေါင်း ၆၅၃ ပွဲ ပြည့်မြောက်ခဲ့ပြီး ဂါရတ်ဘယ်ရီ စံချိန်တင်ထားတဲ့ ပွဲအများဆုံးစံချိန်ကို လိုက်မီနိုင်ခဲ့တာပါ။
လိဒ်ယူနိုက်တက်နဲ့ ကစားသမားဘဝ စတင်ခဲ့သူ မီလ်နာဟာ နယူးကာဆယ်၊ ဗီလာ၊ မန်စီးတီး၊ လီဗာပူးအသင်းတွေမှာ နှစ်ပေါင်း ၂၀ ကြာ ကစားခဲ့ပြီး ၂၀၂၃ ခုနှစ်က ဘရိုက်တန်အသင်းကို ပြောင်းရွှေ့လာခဲ့တာပါ။
ဗီလာ၊ မန်စီးတီးနဲ့ လီဗာပူးအသင်းတွေမှာ ကစားသမားဘ၀ အကောင်းဆုံးအချိန်ရရှိခဲ့တဲ့ မီလ်နာဟာ အင်္ဂလန်အသင်းမှာလည်း ၆၁ ပွဲ ပါဝင်ကစားခဲ့သူပါ။
လီဗာပူးမှာ ပွဲပေါင်း ၂၃၀ ကစားခဲ့ပြီး မန်စီးတီးမှာ ၁၄၇ ပွဲ၊ ဗီလာမှာ ပွဲ ၁၀၀၊ နယူးကာဆယ်မှာ ၉၄ ပွဲ ကစားခဲ့ပါတယ်။
လူငယ်ဘဝမှာ လိဒ်အတွက် ၄၈ ပွဲ ကစားခဲ့ပြီး လက်ရှိအချိန်မှာတော့ ဘရိုက်တန်အတွက် ၃၃ ပွဲ ပါဝင်ကစားထားပါတယ်။


