
“အယ်လ်မန်ချို” လို့ လူသိများတဲ့ မက္ကဆီကို မူးယစ်ရာဇာ နီမီစီယို အိုဆီဂွဲရာ ဆာဗန်တက်စ်ကို မိသားစုဝင်တွေက ရွှေခေါင်းတလားနဲ့ မတ် ၂ ရက်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။
သူဟာ ဖေဖော်ဝါရီလ နှောင်းပိုင်းက မက္ကဆီကို အထူးတပ်ဖွဲ့နဲ့ ဖြစ်ပွားတဲ့ ပစ်ခတ်မှုမှာ ရရှိတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာပါ။
အသက် ၅၉ နှစ်အရွယ် နီမီစီယိုဟာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ CJNG မူးယစ်ဂိုဏ်းကို တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။
သူဟာ မက္ကဆီကိုနိုင်ငံရဲ့ အလိုအရှိဆုံး တရားခံပြေးဖြစ်ပြီး အမေရိကန်က ဒေါ်လာ ၁၅ သန်း ဆုငွေထုတ်ထားသူ ဖြစ်ပါတယ်။
ဂျာလစ်စကိုပြည်နယ်က ဈာပနပွဲမှာ လုံခြုံရေးတွေ အများအပြား ချထားခဲ့ရပါတယ်။
ကြက်တိုက်ဝါသနာပါတဲ့ သူ့အတွက် ကြက်ဖပုံစံ အပါအဝင် ပန်းခွေမြောက်မြားစွာကို သုသာန်ဆီ သယ်ဆောင်ဖို့ ထရပ်ကား ၅ စီးတောင် အသုံးပြုခဲ့ရပါတယ်။
ရွှေရောင်ခေါင်းတလားကို သုသာန်ထဲ သယ်ဆောင်လာချိန်မှာတော့ မူးယစ်ရာဇာတွေကို ဂုဏ်ပြုတဲ့ သီချင်းတွေ တီးမှုတ်ခဲ့ကြပါတယ်။
သူ့ကို နှိမ်နင်းနိုင်ခဲ့တာဟာ သမ္မတ ကလော်ဒီယာ ရှိန်းဘောင်းမ် အစိုးရအတွက် အောင်ပွဲတရပ် ဖြစ်ပေမဲ့ ဂိုဏ်းတွင်းအာဏာလုပွဲတွေကြောင့် အကြမ်းဖက်မှုတွေ ပိုများလာမှာကို စိုးရိမ်နေကြပါတယ်။


