
မက္ကဆီကိုအနောက်မြောက်ပိုင်းက လျှို့ဝှက်မူးယစ်ဆေးဝါးဓာတ်ခွဲခန်း ၂ ခုကို ဖြိုခွင်းခဲ့တယ်လို့ မက္ကဆီကို ရေတပ်က မတ် ၂ ရက်မှာ ပြောခဲ့ပြီး ရေတပ်ဝန်ထမ်းတွေက ဒူရန်ဂိုပြည်နယ်၊ လာဂါလန်စီတာ ရပ်ကွက်နားက နေရာတွေကို ရှာဖွေရှင်းလင်းခဲ့ပါတယ်။
ပထမနေရာမှာ အရာရှိတွေဟာ ဓာတုဗေဒဆေးဝါးတွေ ထုတ်လုပ်ရာမှာ သုံးတဲ့ ဓာတုပစ္စည်း အများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ မက္ကဆီကိုရေတပ်က ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုပါတယ်။
ဒုတိယနေရာမှာ ရေတပ်ဟာ “ပုံဆောင်ခဲ” မက်သာဖက်တမင်းနဲ့ ဆင်တူတဲ့ ဝိသေသလက္ခဏာတွေ ပါတဲ့ အပြီးသတ်ထုတ်ကုန် ၂၀၀ ကီလိုဂရမ်လောက်ကို သိမ်းဆည်းရမိခဲ့ပါတယ်။
မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ ပြန်မသုံးအောင် ကာကွယ်ဖို့ ဓာတ်ခွဲခန်း ၂ ခုလုံးကို အပြည့်အဝ ဖျက်သိမ်းခဲ့တယ်လို့ မက္ကဆီကိုရေတပ်က ပြောပါတယ်။
Source: Reuters


