
ရေနံတင်သင်္ဘောတွေဟာ ဟော်မုဇ်ရေလက်ကြားကို လွတ်လွတ်လပ်လပ် မဖြတ်သန်းနိုင်လို့ အီရတ် ကုန်တင်ဆိပ်ကမ်းတွေကို မဝင်ရောက်နိုင်ဘူးဆိုရင် နောက်ထပ် ရက်အနည်းငယ်အတွင်းမှာ အီရတ်နိုင်ငံရဲ့ ရေနံထုတ်လုပ်မှုကို တရက်ကို စည်ပေါင်း ၃ သန်းကျော်အထိ လျှော့ချသွားရတော့မယ်လို့ အီရတ် ရေနံအရာရှိ ၂ ယောက်က ရိုက်တာသတင်းဌာနကို ပြော ပါတယ်။
အီရတ်နိုင်ငံဟာ အင်္ဂါနေ့အထိ ရူမိုင်လာရေနံမြေမှ ထုတ်လုပ်မှုကို တနေ့ စည်ပေါင်း ၇ သိန်း လျှော့ချခဲ့ပြီး အနောက် ကူရ်နာ အမှတ် ၂ ရေနံမြေမှ စည်ပေါင်း ၄၆၀,၀၀၀ လျှော့ချခဲ့တယ်လို့ အဲဒီအရာရှိတွေက ပြောပါတယ်။
ဟော်မုဇ်ရေလက်ကြားမှာ သယ်ယူပို့ဆောင်မှု အခက်အခဲတွေကြောင့် နှောင့်နှေးကြန့်ကြာနေရပြီး အီရတ်နိုင်ငံတောင်ပိုင်းက ဆိပ်ကမ်းတွေမှာ ရေနံသိုလှောင်နိုင်မှုဟာ အမြင့်ဆုံးပမာဏကို အရေးပေါ်အခြေအနေ ရောက်ရှိနေပြီလို့လည်း သူတို့ကဆိုပါတယ်။
ဒါကြောင့် ရေနံတွေကို ဆက်ပြီး သိုလှောင်ထားဖို့ နေရာမရှိတော့တဲ့အတွက် အခုလို ထုတ်လုပ်မှုကိုပါ လျှော့ချပစ်ဖို့ ဖိအားပေးခံနေရတာ ဖြစ်ပါတယ်။
Source: Reuters


