
အီရန်က အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ တိုက်ခိုက်မှုတွေအတွက် လက်စားချေတဲ့အနေနဲ့ ပင်လယ်ကွေ့ နိုင်ငံတွေကို ဆက်လက်တိုက်ခိုက်နေချိန် မတ် ၂ ရက်မှာ ကာတာနိုင်ငံက သဘာဝဓာတ်ငွေ့ရည် LNG ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ပါတယ်။
အရှေ့အလယ်ပိုင်းတဝန်းက ရေနံနဲ့ သဘာဝဓာတ်ငွေ့စက်ရုံတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရပ်ဆိုင်းထားဖို့လည်း တွန်းအားပေးပါတယ်။
ကာတာနိုင်ငံရဲ့ LNG ထုတ်လုပ်မှုဟာ ကမ္ဘာလုံးဆိုင်ရာထောက်ပံ့မှုရဲ့ ၂၀ ရာခိုင်နှုန်းနဲ့ ညီမျှပြီး အာရှနဲ့ ဥရောပဈေးကွက် နှစ်ခုလုံးရဲ့ လောင်စာဆီဝယ်လိုအားကို ဟန်ချက်ညီစေရေး အဓိက အခန်းကဏ္ဍ ကနေ ပါဝင်နေပါတယ်။
အရှေ့အလယ်ပိုင်းမှာ တိုက်ခိုက်မှုလှိုင်းက ရှည်လျားလာတာနဲ့အမျှ ဒရုန်းတိုက်ခိုက်မှုကြောင့် ဆော်ဒီအာရေဗျနိုင်ငံရဲ့ အကြီးဆုံး ပြည်တွင်းရေနံချက်စက်ရုံ၊ အီရတ်ရဲ့ ကာဒစ်စတန်နဲ့ အစ္စရေး ဓာတ်ငွေ့မြေ အများအပြားတို့မှာ ရေနံထုတ်လုပ်မှု အများစုက လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရပါတယ်။ ဒါကြောင့် အီဂျစ်ဆီ ရေနံတင်ပို့တာတွေ အရှိန်လျော့ကျခဲ့ပါတယ်။
၈၂ ရာခိုင်နှုန်းသော ဖောက်သည်တွေက အာရှနိုင်ငံတွေဖြစ်တဲ့ ကာတာနိုင်ငံပိုင် Qatar Energy လုပ်ငန်းဟာ သူ့စက်ရုံတွေကို အီရန်ဒရုန်းတွေက တိုက်ခိုက်တာ ခံရပြီးတဲ့နောက် LNG တင်ပို့မှုတွေ အပေါ် မမျှော်လင့်ဘဲ ဖြစ်လာတဲ့ အခြေအနေကို ကြေညာဖို့ သတ်မှတ်ထားပါတယ်။
ဒရုန်းတွေက ရေနံဓာတုဗေဒနဲ့ ထုတ်လုပ်ရေးစက်ရုံတွေရှိရာ ကာတာနိုင်ငံတောင်ပိုင်းက မီဆာအိဒ် စက်မှုဇုန်ဆီ ဝင်တိုက်ခဲ့တာပါ။
သဘာဝဓာတ်ငွေ့ဈေးနှုန်းတွေလည်း ဥရောပ စံနှုန်းဈေးနှုန်းမှာ ၄၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။
ရေနံဈေးနှုန်းတွေ တရက်ကို ၁၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး တစည်ကို ၈၂ ဒေါ်လာ အထက်ကို ရောက်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလနောက်ပိုင်းမှာ အမြင့်ဆုံး ဖြစ်ပါတယ်။
ပဋိပက္ခကြောင့် ကမ္ဘာလုံးဆိုင်ရာ ရေနံထောက်ပံ့မှု ငါးပုံတပုံ စီးဆင်းရာ ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောတင်ပို့မှု အားလုံးနီးပါး ရပ်တန့်သွားခဲ့ပါတယ်။
Source: Reuters


