
ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားလိုက်ပြီဖြစ်ပြီး ဖြတ်သန်းဖို့ ကြိုးစားတဲ့ သင်္ဘောမှန်သမျှ ပစ်ခတ်သွားမယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ် ထိပ်တန်းတာဝန်ရှိသူတယောက်က ပြောကြားလိုက်ပါတယ်။
ကမ္ဘာ့ရေနံငါးပုံတပုံ ဖြတ်သန်းရာ ဒီလမ်းကြောင်းကို ပိတ်ထားတယ်လို့ ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက ပြောပေမဲ့ မတ် ၂ ရက် ကြေညာချက်ကတော့ အပြင်းထန်ဆုံး သတိပေးမှု ဖြစ်လာပါတယ်။
“ရေလက်ကြားကို ပိတ်လိုက်ပါပြီ။ ဘယ်သူပဲ ဖြတ်သန်းဖို့ ကြိုးစားကြိုးစား၊ တော်လှန်ရေးအစောင့်တပ်ရဲ့ သူရဲကောင်းတွေနဲ့ ရေတပ်က အဲဒီသင်္ဘောတွေကို မီးတင်ရှို့ပစ်မှာပါ” လို့ အစောင့်တပ် စစ်သေနာပတိချုပ်ရဲ့ အကြီးတန်းအကြံပေး အီဘရာဟင်မ် ဂျက်ဘရီက ပြောပါတယ်။
၂၀၂၃ ဂါဇာစစ်ပွဲ စတင်ကတည်းက ယီမင်က အီရန်လိုလားတဲ့ ဟူသီလက်နက်ကိုင်တွေဟာ ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့က အမေရိကန်၊ အစ္စရေးတို့နဲ့ ပတ်သက်တယ်လို့ ယူဆတဲ့ သင်္ဘောတွေကို ဒရုန်း၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်နေပါတယ်။
ဒါကြောင့် ကမ္ဘာ့ရေကြောင်းပို့ဆောင်ရေးမှာ အနှောင့်အယှက်တွေ ကြုံနေရချိန် ဟော်မုဇ်ပါ ပိတ်လိုက်တာ ဖြစ်ပါတယ်။
Source: Reuters


