
စပိန်နိုင်ငံမြောက်ပိုင်း ဆန်တန်ဒါမြို့က ကမ်းခြေတခုမှာ မတ် ၃ ရက်က လူသွားလမ်းတခု ပြိုကျခဲ့လို့ အနည်းဆုံး လူ ၄ ယောက် သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အဲဒီနေရာမှာ နောက်ထပ် လူ ၂ ယောက် ပျောက်ဆုံးနေဆဲဖြစ်လို့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကမ်းခြေစောင့် တပ်ဖွဲ့တွေဟာ ကျောက်ဆောင်တွေနဲ့ ကမ်းခြေတဝိုက်မှာ အသည်းအသန် ရှာဖွေနေကြပါတယ်။
အယ်လ် ဘိုကားလ်ကမ်းခြေရဲ့ ကမ်းပါးယံနားမှာ လမ်းလျှောက်ထွက်လာကြတဲ့ သူငယ်ချင်း ၇ ယောက်အုပ်စု ဒီဖြစ်ရပ်ကို ကြုံခဲ့ရတာလို့ ဆန်တန်ဒါမြို့တော်ဝန် ဂေမာ အီဂွဲလ်က သတင်းထောက် တွေကို ပြောပါတယ်။
လမ်းပြိုကျမှုကြောင့် ပြုတ်ကျသွားခဲ့တဲ့ နောက်ထပ်တယောက်ကိုတော့ ကယ်ဆယ်နိုင်ခဲ့ပြီး ဒဏ်ရာ တွေ၊ အအေးလွန်ကဲတဲ့ ဝေဒနာတွေကြောင့် ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ထားရပါတယ်။
Source: Reuters


