
လာမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်လက်ရွေးစင်အသင်း ပါဝင်ယှဉ်ပြိုင်မဲ့အပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ "သူ လုံးဝဂရုမစိုက်ဘူး" လို့ ပွင့်ပွင့်လင်းလင်း ပြောကြားလိုက်ပါတယ်။
လက်ရှိမှာ အမေရိကန်၊ အစ္စရေးတို့နဲ့ အီရန်နိုင်ငံကြား စစ်ရေးပဋိပက္ခတွေ အရှိန်မြင့်တက်နေပေမဲ့လည်း အိမ်ရှင်အဖြစ် ပူးတွဲလက်ခံကျင်းပမဲ့ သမ္မတထရမ့်ပ် ကတော့ အီရန်ဟာ အဘက်ဘက်က ရှုံးနိမ့်နေတဲ့ နိုင်ငံတနိုင်ငံသာဖြစ်လို့ သူတို့ဝင်ပြိုင်တာကို အထူးတလည် အရေးမထားဘူးလို့ ပြောခဲ့တာပါ။
တဖက်မှာလည်း အီရန်ဘောလုံးအဖွဲ့ချုပ်ဘက်က လက်ရှိအခြေအနေတွေကြောင့် ကမ္ဘာ့ဖလား ဝင်ပြိုင်ဖို့အပေါ် သံသယတွေ ရှိနေကြပြီး ပြိုင်ပွဲဝင်၊ မဝင်ကိုတော့ နိုင်ငံရဲ့ အားကစားဆိုင်ရာ တာဝန်ရှိသူတွေကပဲ ဆုံးဖြတ်သွားမှာလို့ သိရပါတယ်။
ဖီဖာဘက်ကတော့ နိုင်ငံအားလုံး ပါဝင်ယှဉ်ပြိုင်နိုင်မဲ့ ဘေးကင်းလုံခြုံတဲ့ ပြိုင်ပွဲတခု ဖြစ်ဖို့ကိုပဲ အဓိကထား လုပ်ဆောင်နေတာဖြစ်ပြီး အီရန်အသင်းအနေနဲ့ အုပ်စုပွဲစဉ်တွေကို လော့စ်အိန်ဂျလိစ်နဲ့ ဆီယက်တဲလ်မြို့တွေမှာ ကစားဖို့ သတ်မှတ်ခံထားရတာလည်း ဖြစ်ပါတယ်။


