
အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့မှာ လူ ၃ ယောက် သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရခဲ့တဲ့ လူအုပ်ကို ပစ်ခတ်မှုဖြစ်အောင် ဘယ်အရာက လှုံ့ဆော်ခဲ့တယ် ဆိုတာကို အမေရိကန် ဖယ်ဒရယ်ထောက်လှမ်းရေးဗျူရို (FBI) နဲ့ ဒေသခံ ရဲတပ်ဖွဲ့အရာရှိတွေက စုံစမ်းစစ်ဆေးနေပါတယ်။
မကြာသေးမီက အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေးတို့ ပူးတွဲတိုက်ခိုက်မှုနဲ့ ဆက်စပ်မှုရှိမရှိကို ထင်ကြေးပေးတာတွေ၊ ဆက်စပ် ခန့်မှန်းတာတွေ မလုပ်မိဖို့ သတိထားခဲ့တယ်လို့လည်း ပြောပါတယ်။
အမျိုးသားအကြမ်းဖက်မှုတန်ပြန်ရေး စင်တာက နောက်ဆုံးရ အတွင်းသတင်းတရပ်အရ သံသယရှိသူ အန်ဒီယာဂနာ ဒိုင်ယေးဟာ စိတ်ကျန်းမာရေး အခြေအနေတွေ ရှိခဲ့ဖူးတယ်လို့ ဥပဒေစိုးမိုးရေး အရာရှိတွေက ပြောခဲ့ပါတယ်။
ဌာနရဲ့ ဦးစားပေးက ပစ်ခတ်မှုအကြောင်းရင်းအတွက် အဖြေတွေနဲ့ လှုံ့ဆော်မှုတွေကို ရှာဖို့ဖြစ်တယ်လို့ အော်စတင်ရဲတပ်ဖွဲ့မှူး လီဆာ ဒေဗီစ်က သတင်းထောက်တွေကို ပြောပါတယ်။
သေနတ်သမားက အီရန်အလံနဲ့ ရှေ့မှာ အစိမ်းရောင်၊ အဖြူရောင်နဲ့ အနီရောင်တို့နဲ့ အီရန် ဆိုတဲ့စာလုံးကို ရေးထားတဲ့ ရှပ်အင်္ကျီကို ဝတ်ဆင်ထားတယ်လို့ ဥပဒေစိုးမိုးရေးအရာရှိ တယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
သူက “အလ္လာဟ်အရှင်မြတ်ရဲ့ ပိုင်ဆိုင်မှု” လို့ ရေးထားတဲ့ ချွေးခံအင်္ကျီကိုလည်း ဝတ်ထားတယ်လို့ အရာရှိက ပြောပါတယ်။
ဒီလိုဖြစ်အောင် လှုံ့ဆော်မှုကို ဖြစ်စေတဲ့ အကြောင်းရင်းနဲ့ ပတ်သက်တဲ့ ဘယ်ကြေညာချက်မဆို စောလွန်းနေလိမ့်မယ်လို့ FBI အထူးအေးဂျင့် အဲလက်စ်ဒိုရန်က သတင်းထောက်တွေကို ပြောပါတယ်။
Source: Reuters


