Home
မြန်မာသတင်း
မြန်မာ့ရေနံစိမ်းတင်သွင်းမှု၏ ၉၂ ရာခိုင်နှုန်းက ပင်လယ်ကွေ့နိုင်ငံများကဖြစ် (Data Story)
DVB
·
March 3, 2026

အမေရိကန်နဲ့ အစ္စရေး ပူးပေါင်းပြီး အီရန်အပေါ် တိုက်ခိုက်မှုဟာ ဒီကနေ့ဆို ၄ ရက်မြောက် ရှိလာပါပြီ။ လက်ရှိမှာ အီရန်တော်လှန်ရေးအစောင့်တပ်က ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးစားတဲ့ သင်္ဘောမှန်သမျှကို ပစ်ခတ်သွားမယ်လို့ ခြိမ်းခြောက်လာပါတယ်။

ကမ္ဘာ့ရေနံကုန်သွယ်‌ရေးလမ်းကြောင်းမှာ အဓိကကျတဲ့ ဒီရေလက်ကြားကနေ နေ့စဉ် ရေနံစိမ်းစည်ပေါင်း သန်း ၂၀ ကျော် ဖြတ်သန်းနေပြီး ဒီပမာဏဟာ ကမ္ဘာ့ရေနံစိမ်းအားလုံးရဲ့  ၅ ပုံ ၁ ပုံနဲ့ ညီမျှပါတယ်။

အမေရိကန် စွမ်းအင်သတင်းအချက်အလက်ဌာန (EIA) ရဲ့ အဆိုအရ ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်းတဲ့ ရေနံစိမ်းတွေရဲ့ ၈၄ ရာခိုင်နှုန်းဟာ အာရှဈေးကွက်ကို ရောက်ရှိတာ ဖြစ်ပါတယ်။ အီရန်ရဲ့ အခုလို ပိတ်ဆို့မှုဟာ အာရှနိုင်ငံတွေရဲ့ စွမ်းအင်ကဏ္ဍအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာမှာပါ။

ပဋိပက္ခ တင်းမာလာတာနဲ့အမျှ အမေရိကန်စစ်အခြေစိုက်စခန်းတွေ ရှိရာ ပင်လယ်ကွေ့နိုင်ငံတွေ အပေါ် အီရန်ရဲ့ လက်တုံ့ပြန်မှုကလည်း တနေ့တခြား ပိုပြင်းထန်လာနေပါတယ်။  ဒီအခြေအနေတွေဟာ အရှေ့အလယ်ပိုင်းဒေသက ရေနံကို အဓိက မှီခိုသုံးစွဲနေရတဲ့ မြန်မာနိုင်ငံအပေါ်လည်း ရိုက်ခတ်မှု ရှိလာနိုင်ပါတယ်။ ကမ္ဘာတဝန်း လောင်စာဆီနဲ့ အခြားကုန်စည်တွေ စီးဆင်းမှုကို လေ့လာစောင့်ကြည့်နေတဲ့ Kpler ရဲ့ အဆိုအရ မြန်မာ့ရေနံစိမ်းတင်သွင်းမှုရဲ့ ၉၂ ရာခိုင်နှုန်းက ပင်လယ်ကွေ့နိုင်ငံတွေကလာတာလို့ သိရပါတယ်။

အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် လက်ရှိ ကမ္ဘာ့ရေနံဈေးက တစည်ကို အမေရိကန်ဒေါ်လာ ၈၀ ကျော်လာပြီဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကဏ္ဍအပေါ် ရိုက်ခတ်မှုတွေလည်း ရှိနေပါတယ်။ ဒီရဲ့ အကျိုးဆက်ဟာ မြန်မာနိုင်ငံအပေါ်လည်း အနည်းနဲ့အများ သက်ရောက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013