
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး အမ်ဘာပေဟာ သူ့ရဲ့ ဘယ်ဘက်ဒူးဒဏ်ရာအတွက် ထပ်မံစစ်ဆေးမှုတွေ ပြုလုပ်နေပြီး လောလောဆယ်မှာတော့ ခွဲစိတ်ဖို့ အစီအစဉ် မရှိသေးဘူးလို့ သိရပါတယ်။
အသက် ၂၇ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးဟာ ၂၀၂၅ နှစ်ကုန်ပိုင်းကတည်းက ဒူးအရွတ်ဒဏ်ရာကြောင့် ရုန်းကန်နေရတာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ဘင်ဖီကာနဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကိုလည်း လွဲချော်ခဲ့တာပါ။
လက်ရှိမှာ အမ်ဘာပေဟာ ရီးရဲလ်ဆေးအဖွဲ့နဲ့အတူ ပါရီမြို့ကို သွားရောက်ကာ စစ်ဆေးမှုတွေ ပြုလုပ်နေပြီး ဂီတာဖေးနဲ့ လာလီဂါပွဲစဉ်ကို လွဲချော်ခဲ့သလို မန်စီးတီးနဲ့ကစားမဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ပါဝင်နိုင်မလား ဆိုတာကလည်း မရေမရာ ဖြစ်နေပါတယ်။
အမ်ဘာပေရဲ့ ကိုယ်စားလှယ်တွေကတော့ အခုပြုလုပ်တဲ့ စစ်ဆေးမှုတွေဟာ ဒဏ်ရာကို အကောင်းဆုံးကုသပြီး အမြန်ဆုံးပြန်လာနိုင်ဖို့အတွက် ရည်ရွယ်တာဖြစ်ပြီး ခွဲစိတ်မှုပြုလုပ်ဖို့ မစီစဉ်ထားဘူးလို့ အတည်ပြုထားပါတယ်။


