
အစ္စရေးနဲ့ အမေရိကန်တို့ အီရန်အပေါ် တိုက်ခိုက်မှုအသစ်တွေကို စတင်ခဲ့ပြီး အမေရိကန်စစ်တပ်က အီရန်စစ်သင်္ဘော ၉ စင်းကို နှစ်မြုပ်ခဲ့ပြီး “ကျန်တာတွေကို လိုက်ရှာနေတယ်” လို့ ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ အပါအဝင် အီရန်ထိပ်တန်းခေါင်းဆောင် ၄၈ ယောက်ကို သတ်ဖြတ်ခဲ့ပြီး ပဋိပက္ခက ၄ ပတ် ကြာနိုင်တယ်လို့ မျှော်မှန်းထားတဲ့အကြောင်း ပြောခဲ့ပါတယ်။
အစ္စရေးက မြို့တော် တီဟီရန် တဝန်း ပစ်မှတ်တွေကို အကြီးအကျယ် ဆက်တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။
အရှေ့အလယ်ပိုင်းမှာ လေဆိပ်ကြီးတွေကို ပိတ်ထားပြီး ဒူဘိုင်း၊ ဒိုဟာနဲ့ အဘူဒါဘီ အပါအဝင် ဒေသတွင်း ဝင်ပေါက်တွေကို ပိတ်ထားပါတယ်။
အီရန်ရဲ့ အကြီးတန်းစစ်ဘက်ခေါင်းဆောင် အများစုက အမေရိကန်-အစ္စရေး ပူးတွဲတိုက်ခိုက်မှုတွေ အတွင်း ပထမဆုံး တိုက်ခိုက်မှုမှာတင် သေဆုံးခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က အီရန်အကြီးတန်းတပ်မှူး အယောက် ၄၀ ကို တမိနစ်အတွင်း တိုက်ခိုက်မှု ၂ ရပ်အတွင်း သတ်ဖြတ်ခဲ့ပြီး စစ်ရေးထောက်လှမ်းရေးကြောင့် ဖြစ်နိုင်တဲ့ “သမိုင်းဝင်တိုက်ခိုက်မှု” လို့ ခေါ်ဆိုခဲ့ပါတယ်။
တပ်မှူးအများစုက သီးခြားနေရာနှစ်ခုမှာ ရှိနေတုန်း တပြိုင်နက်တည်း တိုက်ခိုက်ခဲ့လို့ သေဆုံးခဲ့တာလို့ IDF က ပြောခဲ့ပြီး သေဆုံးသူအားလုံးရဲ့ နာမည်တွေကိုတော့ ထုတ်မပြောခဲ့ပါဘူး။
အီရန်နိုင်ငံပိုင်မီဒီယာက အီရန်စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Abdoorahim Mousavi နဲ့ တခြား အီရန်လုံခြုံရေးခေါင်းဆောင်တွေ အမေရိကန်-အစ္စရေး တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူတွေထဲမှာ ပါတယ်လို့ ဖော်ပြထားပါတယ်။
အီရန်လေတပ်က လေကြောင်းသာလွန်မှုကို တည်ဆောက်နေချိန် အီရန်အနောက်ပိုင်းနဲ့ အလယ်ပိုင်းက အီရန်ရဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေကို ဖျက်ဆီးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
အစ္စရေးနိုင်ငံအပေါ် ခြိမ်းခြောက်မှုတွေကို ဖယ်ရှားဖို့ ရည်ရွယ်ချက်နဲ့ အစ္စရေးလေတပ်က ကာကွယ်ရေးနဲ့ ထိုးစစ် နှစ်မျိုးလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် ဆက်လုပ်နေတယ်လို့ IDF က ပြောခဲ့ပါတယ်။


