
ညောင်ဦးမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ ကင်းလှည့်လာတဲ့ကားကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၄ ယောက်သေတယ်လို့ ပခုက္ကူမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
နာရီဝက်ကြာလောက်တိုက်ပွဲအတွက် စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးပြီး MA 3 သေနတ် ၂ လက်၊ ကာဘိုင် ၂ လက်နဲ့ ကျည်အများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုကို Pakokku Special Task Force (ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပကဖ)၊ Bagan Nyaung Oo Special Task Force နဲ့ မကွေးတိုင်း ပကဖ အမှတ် ၄ အထူးလှုပ်ရှားစစ်ကြောင်း တို့က ပြုလုပ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။


