အီရန်ကို စတင်တိုက်ခိုက်ပြီး နိုင်ငံတွင်းအရေးပေါ်အခြေအနေ အစ္စရေးကြေညာ
DVB
·
February 28, 2026

အီရန်ကို လက်ဦးမှုယူပြီး တိုက်ခိုက်လိုက်ပြီလို့ အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က ပြောပါတယ်။
လက်တုံ့ပြန် တိုက်ခိုက်လာနိုင်တာကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အစ္စရေးတနိုင်ငံလုံးမှာ အရေးပေါ် အခြေအနေကိုလည်း ကြေညာလိုက်ပါတယ်။
အမေရိကန်ပါ ပူးပေါင်းပါဝင်တယ်လို့ တာဝန်ရှိသူတယောက်က အယ်လ်ဂျားဇီးယား သတင်းဌာန ကို ပြောဆိုထားပါတယ်။
တီဟီရန်မြို့က တက္ကသိုလ်လမ်းနဲ့ ဂျွန်ဟူရီရပ်ကွက်ဘက်ကို ဒုံးကျည် တော်တော်များများ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဖားစ် (Fars) သတင်းဌာနက ဖော်ပြပါတယ်။
Photo: Reuters


