
ဖြူးမြို့နဲ့ ဝမ်းတွင်းမြို့နားမှာ နောက်ဆက်တွဲမြေငလျင်တွေ လှုပ်ရှားခဲ့တယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့ မနက် ၇ နာရီလောက်က မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ရဲ့ အရှေ့ဘက် ၁၆ မိုင် လောက်အကွာမှာ မြေအောက်အနက် ၁၂ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၃ ဒသမ ၂ နဲ့ ငလျင်တကြိမ်လှုပ်ရှားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက် နေ့လယ် ၁၁ နာရီ ၅၁ မိနစ်က ပဲခူးတိုင်း၊ ဖြူးမြို့ရဲ့ အရှေ့ဘက် ၃၄ မိုင် လောက်အကွာမှာ မြေအောက်အနက် ၈ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၅ နဲ့ လှုပ်ရှားခဲ့ပါတယ်။
ဒီငလျင်တွေဟာ ပြီးခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြီးရဲ့နောက်ဆက်တွဲတွေဖြစ်ပြီး ငလျင် သတင်းအမှတ်စဉ် ၂၈၂၊ ၂၈၃ အဖြစ် ထုတ်ပြန်ထားပါတယ်။


