
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နားမှာ ဖေဖော်ဝါရီ ၂၅ ရက်ည သန်းခေါင်ချိန်လောက်က အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၈ အဆင့်ရှိတဲ့ ငလျင်တခုလှုပ်ရှားသွားတယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။
ည ၁၁ နာရီ ၂၁ မိနစ်ကျော်မှာ မင်းကင်းမြို့ရဲ့ အရှေ့မြောက်ဘက် ၂၃ မိုင်လောက်အကွာ၊ မြေအောက်အနက် ၁၀၂ ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ရှားသွားတာပါ။
ဒါဟာ ပြီးခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲငလျင်မဟုတ်ဘဲ သီးခြား လှုပ်ရှားတဲ့ ငလျင်ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနကလည်း အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၈ အဆင့်ရှိတဲ့ငလျင်လှုပ်ရှားတယ်လို့ ထုတ်ပြန်ထားပြီး ငလျင်ကြောင့် ဘေးအန္တရာယ်တွေ လျော့နည်းစေဖို့ ရှောင်ရန်၊ ဆောင်ရန်၊ သတိပြုရန်တွေနဲ့အညီ နေထိုင်ကြဖို့ အသိပေးထားပါတယ်။


