Home
နိုင်ငံတကာ
အာဖဂန်နစ္စတန်နှင့် စစ်ဖြစ်နေပြီဟု ပါကစ္စတန်ကြေညာ၊ ကဘူးလ်မြို့တော်ကို ဗုံးကြဲ
DVB
·
February 27, 2026
Photo: PAKISTANI SECURITY FORCES

အာဖဂန်နစ္စတန်နိုင်ငံနဲ့ စစ်ဖြစ်နေပြီလို့ ပါကစ္စတန်က ကြေညာလိုက်ပြီး ကဘူးလ်မြို့တော်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ပါကစ္စတန်ဟာ အာဖဂန်မြို့တွေဖြစ်တဲ့ ကဘူးလ်နဲ့ ကန်ဒါဟာမြို့တွေကို တိုက်ခိုက်ခဲ့တယ်လို့ အစိုးရအရာရှိတယောက်က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက် မနက် ၁ နာရီ ၅၀ မိနစ်လောက်မှာ ကဘူးလ်မြို့တော်မှာ ပေါက်ကွဲသံ အကြိမ်ကြိမ် ကြားခဲ့ရပါတယ်။

ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ မိုဟာမက် အာဆစ်ကတော့ သူတို့ရဲ့ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီဖြစ်လို့ အခုဆိုရင် နှစ်နိုင်ငံကြားမှာ ပွင့်လင်းစစ်ပွဲ ဖြစ်နေပြီလို့ ပြောဆိုခဲ့ပါတယ်။

ဝန်ကြီး အာဆစ်က“ကျနော်တို့ရဲ့ သည်းခံနိုင်စွမ်းတွေ ကျော်လွန်သွားပါပြီ။ အခုကတော့ ခင်ဗျားတို့နဲ့ ကျနော်တို့ကြားမှာ ပွင့်လင်းတဲ့စစ်ပွဲ ဖြစ်နေပါပြီ” လို့ဖေဖော်ဝါရီ ၂၇ ရက်မှာ ပြောပါတယ်။

တပြိုင်နက်တည်းမှာပဲ ကျူးကျော်လာတဲ့ ဘယ်လိုရည်မှန်းချက်မျိုးကိုမဆို ချေမှုန်းဖို့ အပြည့်အဝ စွမ်းဆောင်နိုင်တယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ဇ်ရှရစ်ဖ်က သတိပေးထားပါတယ်။

ဒီတိုက်ခိုက်မှုတွေဟာ အာဖဂန် တာလီဘန်တွေရဲ့ စစ်ဆင်ရေးတခုကြောင့် ပါကစ္စတန်စစ်သား ၂ ယောက် သေဆုံးခဲ့ရပြီးနောက်ပိုင်း ပေါ်ပေါက်လာတာပါ။

တာလီဘန် စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူကတော့ သူတို့ကိုတိုက်ခိုက်လာရင် လက်တုံ့ပြန်သွားမှာ ဖြစ်ပေမဲ့ လောလောဆယ်မှာတော့ တိုက်ပွဲတွေကို စတင်မှာမဟုတ်ဘူးလို့ ဘီဘီစီကို ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကမှ အပစ်အခတ်ရပ်စဲရေး သဘောတူထားခဲ့ကြပေမဲ့ အခုရက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာ ဖြစ်ပါတယ်။

ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် နှစ်နိုင်ငံကြားမှာ မိုင် ၁,၆၀၀ (၂,၅၇၄ ကီလိုမီတာ) ရှည်လျားတဲ့ တောင်တန်းနယ်စပ် ထိစပ်နေတာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013