Home
နိုင်ငံတကာ
အာဖဂန်-ပါကစ္စတန် နယ်စပ်၌ တိုက်ပွဲဖြစ် 
DVB
·
February 25, 2026
Photo: REUTERS/Stringer

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း၊ နန်ဂဟာပြည်နယ်က ပါကစ္စတန်နဲ့ နယ်စပ်ဒေသတွေမှာ အာဖဂန်နဲ့ ပါကစ္စတန် တပ်ဖွဲ့တွေကြား တိုက်ပွဲအသစ်တွေ ဖြစ်ခဲ့တယ်လို့ အာဖဂန်နစ္စတန် ဒေသခံမီဒီယာတွေက ဖေဖော်ဝါရီ ၂၄ ရက်မှာ ဖော်ပြပါတယ်။

နှစ်ဖက်စလုံးက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ထိခိုက်ဒဏ်ရာရသူတွေ ရှိနေပြီလို့ သတင်းရင်းမြစ်တွေက အတည်ပြုထားပါတယ်။

စနေနေ့ သန်းခေါင်လောက်မှာ အာဖဂန်နစ္စတန်နိုင်ငံအတွင်း လူ ၁၇ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့ ပါကစ္စတန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပြီး ရက်အနည်းငယ်အကြာမှာ တိုက်ပွဲဖြစ်ခဲ့တာပါ။

ပါကစ္စတန်ရဲ့ တိုက်ခိုက်မှုတွေက ထောက်လှမ်းရေးအခြေပြု တိုက်ခိုက်မှုဖြစ်ပြီး ပါကစ္စတန်-အာဖဂန်နစ္စတန် နယ်စပ်တလျှောက်က စစ်သွေးကြွစခန်း ၇ ခုကို ပစ်မှတ်ထားခဲ့တာလို့ တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာ ပါကစ္စတန် သတင်းအချက်အလက်နဲ့ ရုပ်သံလွှင့်ဌာနက ကြေညာပါတယ်။

ပါကစ္စတန်နိုင်ငံထဲကို မကြာသေးမီက တိုက်ခိုက်မှုတွေအတွက် တုံ့ပြန်တဲ့အနေနဲ့ တာရစ်ခ်အီ တာလီဘန် ပါကစ္စတန်အဖွဲ့နဲ့ ပါကစ္စတန် အခြေစိုက် အိုင်အက်စ် စစ်သွေးကြွအဖွဲ့တို့ရဲ့ ပုန်းအောင်းရာ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ပါကစ္စတန်ဘက်က ပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ၊ နန်ဂါဟာပြည်နယ်၊ ဂါဒီကတ်စ်ရွာက လူနေအိမ်တချို့  လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လုံးဝပျက်စီးသွားပြီး အပျက်အစီးတွေအောက်မှာ လူတွေရှိနေသေးလို့ ရှာဖွေရေးလုပ်ငန်းတွေကို ဆက်ပြီး ဆောင်ရွက်နေပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013