Home
မြန်မာသတင်း
မြန်မာနိုင်ငံဘက်မှ ထိုင်းကိုထွက်ပြေးလာသည့် တရုတ်နှင့် ပါကစ္စတန် နိုင်ငံသားများ ဖမ်းဆီးခံရ
DVB
·
February 11, 2026

 

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မှာ မြန်မာဘက်ကနေ ထိုင်းဘက်ကို ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသားတွေနဲ့  ပါကစ္စတန်နိုင်ငံသားတွေ စုစုပေါင်း ၁၀ ယောက်ကို ထိုင်းစစ်တပ်က  ဖေဖေါ်ဝါရီ  ၁၀ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်မှာ အွန်လိုင်းငွေလိမ်ကျားဖြန့်လုပ်နေတဲ့ တရုတ်နိုင်ငံသား ၇ ယောက်နဲ့ ပါကစ္စတန် နိုင်ငံသား ၃ ယောက်တို့ဟာ ဖေဖေါ်ဝါရီ ၁၀ ရက်မနက် ၁၁ နာရီလောက်မှာ ထိုင်းနိုင်ငံဘက်ကို တရားမဝင် တင်ရောက် ထွက်ပြေးလာစဉ် ထိုင်းစစ်တပ်က လှည့်ကင်းပြုလုပ်နေတဲ့အချိန်မှာ တွေ့ရှိလို့ ဖမ်းဆီးခဲ့တာလို့ နယ်စပ်သတင်းရင်းမြစ်ကနေ သိရပါတယ်။

အလားတူ ဖေဖော်ဝါရီ ၉ ရက်ကလည်း မဲဆောက်မြို့နယ်၊ မယ်ပအုပ်စုထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၁၀ ယောက် ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းစစ်တပ် ရာ့ခ်မနူးစစ်ကြောင်းနဲ့ အမှတ် ၁၄၁၁ ခြေလျင်တပ်ရင်းက တပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၉ ရက် ညက ဘန့်ဟွေ့ကလုတ်၊ ဘန့်ဝမ်းကယောက်အနီး သောင်ရင်းမြစ်ကမ်း တလျှောက်မှာ နယ်လှည့်လုံခြုံရေးစစ်ဆေးစဉ် သောင်ရင်းမြစ်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၁၀ ယောက် ဖမ်းဆီးရမိခဲ့တာပါ။ 

အဲဒီထဲမှာ အမျိုးသား ၈ ယောက်၊ အမျိုးသမီး ၂ ယောက် ပါဝင်ပြီး မြန်မာဘက်ခြမ်း မြဝတီမှာ အလုပ်သွားလုပ်သူတွေဖြစ်ကြောင်းနဲ့ ကျားဖြန့်နှိမ်နင်းရေးတွေ ဆောင်ရွက်နေတာကြောင့်  ထိုင်းဘက်ခြမ်းကို ပြန်ကူးလာကြတာလို့ ဆိုပါတယ်။

သူတို့တွေဟာ ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့် အထောက်အထားမရှိတာကြောင့် တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ အရေးယူသွားမယ်လို့  တာဝန်ရှိသူတွေက ပြောပါတယ်။ 

Source:  MGROnline 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013