Home
မြန်မာသတင်း
ဟုမ္မလင်းတွင် စစ်တပ် ဗုံးကြဲမှုကြောင့် ပြည်သူ ၇ ဦး သေဆုံး
DVB
·
February 23, 2026

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်‌က ပဲနုပ်ဆွပ်ရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၂ ရက်မှာ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၇ ယောက် သေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ ညနေ ၃ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဟုမ္မလင်းမြို့နယ်ထဲက ပဲနုပ်ဆွပ်ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၇ ယောက် သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဟုမ္မလင်းမြို့က တော်လှန်ရေးရဲဘော်တယောက်က “ပဲနုပ်ဆွပ်ရွာကို ညနေ ၃ နာရီလောက်မှာ ဗုံးကြဲတာပါ။ ဂျိုင်ရိုကော်ပတာနဲ့ ကြဲတာပါ။ ထိခိုက်သေဆုံးသူတွေထဲ ကလေးတွေလည်း ပါတယ်။ အသေးစိတ်ကိုတော့ မေးထားတုန်းပဲ” လို့ပြောပါတယ်။

စစ်ကောင်စီဟာ ဂျိုင်ရိုကော်ပတာ ၂ စီး အသုံးပြု ဗုံးကြဲတိုက်ခိုက်တာဖြစ်ပြီး အရပ်သားပြည်သူ ၇ ယောက် သေဆုံးသလို ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူတွေထဲမှာလည်း စိုးရိမ်ရသူတွေပါပြီး ဆေးရုံကို ပို့ထားရတယ်လို့ သိရပါတယ်။

ဟုမ္မလင်းမြို့ကို စစ်ခေါင်းဆောင် ဖေဖော်ဝါရီ ၁၅ ရက်က ရောက်ရှိခဲ့ပြီးနောက် လေကြောင်းကနေ တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

အဲဒီခရီးစဥ်မှာ စစ်ကောင်စီဘက်က စစ်ခေါင်းဆောင်နဲ့အတူ ရေတပ်ချုပ်၊ လေတပ်ချုပ်၊ စစ်ရေးချုပ်၊ ကစထ-၁ မှူး၊ စစ်ကိုင်းတိုင်း တိုင်းမှူးတို့ ပါလာတာ တွေ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013