
အီရန်ဟာ ဂါဇာမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့ ဟားမတ်စ်၊ လက်ဘနွန်က ဟစ်ဇ်ဘိုလာနဲ့ ယီမင်က ဟူသီတွေကို ထောက်ပံ့မှု ရပ်တန့်ဖို့ အမေရိကန်နဲ့ ညှိနှိုင်းရာမှာ ကတိပြုရမယ်လို့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဂျိုဟန် ဝါဒီဖူးက ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံခြားရေးဝန်ကြီး မက်စီမီ ပရီဗော့တ်နဲ့အတူ သတင်းစာရှင်းလင်းပွဲတခုမှာ ဂျာမနီနိုင်ငံက အစ္စရေးနိုင်ငံရဲ့ လုံခြုံရေးအတွက် အထူးတာဝန်ရှိတယ်လို့ သူက ထပ်ပြောပါတယ်။
ဂျာမနီနိုင်ငံခြားရေးရုံး ပြောရေးဆိုခွင့်ရှိသူတယောက်ကလည်း အီရန်ဟာ ဖေဖော်ဝါရီ ၂၆ ရက် ဂျီနီဗာမြို့မှာ ကျင်းပမဲ့ နျူကလီးယားဆွေးနွေးပွဲတွေမှာ အပြုသဘောဆောင်ရင်း ပါဝင်ဆွေးနွေးဖို့ အခွင့်အရေးကို ဆုပ်ကိုင်ဖို့ ဂျာမနီအစိုးရက မျှော်လင့်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
Source: Reuters


