
အမေရိကန်နဲ့ နျူကလီးယားဆွေးနွေးပွဲတွေအတွင်း ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဆီက ဖိအားပေးမှုကို အီရန်က လိုက်လျောမှာ မဟုတ်ဘူးလို့ အီရန်သမ္မတ မာဆွတ်ဒ် ပေဇက်ရှ်ကီယံက ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြောပါတယ်။
အီရန်ရဲ့ မသန်စွမ်းအိုလံပစ်အဖွဲ့ကို ဂုဏ်ပြုပွဲမှာ သမ္မတ “ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ကျနော်တို့ ဦးညွတ်သွားအောင် ဖိအားပေးဖို့ တန်းစီနေကြတယ်။ ဒါပေမဲ့ သူတို့က ကျနော်တို့အတွက် ဖန်တီးပေးနေတဲ့ ပြဿနာအားလုံးရှိနေပေမဲ့ ကျနော်တို့က လိုက်လျောမှာ မဟုတ်ဘူး”လို့ ပြောခဲ့ပါတယ်။
ဆန္ဒပြသူလူအုပ်ကြီးက မကြာသေးမီက ဆန္ဒပြပွဲတွေမှာ သေဆုံးသူတွေအတွက် ရက် ၄၀ မြောက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အာမီယာ ကာဘီယာ တက္ကသိုလ်မှာ စုရုံးခဲ့ပြီး "ဘုရင်မင်းမြတ် သက်တော်ရှည်ပါစေ"လို့ ကြွေးကြော်ခဲ့ကြတဲ့ ရုပ်သံကို ဖေဖော်ဝါရီ ၂၁ ရက်က လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့ပါတယ်။
ဇန်နဝါရီလထဲမှာ အီရန်အာဏာပိုင်တွေဟာ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေကို အသက် အန္တရာယ်ရှိတဲ့အထိ အကြမ်းဖက် နှိမ်နင်းခဲ့လို့ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။
Source: Reuters


