
အမေရိကန်စစ်တပ်ဟာ ပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်းမှာ သင်္ဘောတစီးကို တိုက်ခိုက်ခဲ့ရာ လူ ၃ ယောက် သေဆုံးခဲ့ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်က ထုတ်ပြန်ခဲ့ပြီး ဒါဟာ မကြာသေးခင်လတွေအတွင်း နောက်ဆုံး ဖြစ်ရပ်တခုလည်း ဖြစ်ပါတယ်။
အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ်က X ပေါ်မှာ တင်ပေးခဲ့တဲ့ ရုပ်သံဖိုင်ထဲမှာ စစ်သင်္ဘောတစင်းပေါ်က တိုက်ခိုက်မှုတွေကို ပြသထားပါတယ်။
သမ္မတ ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့ဟာ အဲဒီဒေသအတွင်း မူးယစ်ဆေးဝါး မူးယစ်ဆေးဝါး မှောင်ခိုကူးတယ်လို့ သံသယရှိတဲ့ သင်္ဘောတွေကို နှိမ်နင်းရာမှာ အောင်မြင်မှုတွေရရှိနေကြောင်း ထုတ်ဖော်ပြောဆိုလေ့ ရှိပါတယ်။
အမေရိကန်စစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ အဲဒီသင်္ဘောဟာ "မူးယစ်ဆေးဝါးမှောင်ခိုကူးမှု လုပ်ငန်းစဉ်တွေမှာပါဝင်ပတ်သက်နေတာကြောင့်” ဖြစ်တယ်လို့ ဆိုပါတယ်။
Source: Reuters


