Home
နိုင်ငံတကာ
အမေရိကန်က ကုလသမဂ္ဂသို့ ဒေါ်လာ ၄ ဘီလီယံ ပေးရန်ရှိသော်လည်း သန်း ၁၆၀ သာ ပေးချေ
DVB
·
February 20, 2026
Photo: Reuters

ကုလသမဂ္ဂကို စင်ပြိုင်လုပ်တယ်လို့ ဝေဖန်ခံနေရတဲ့ “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” ရဲ့ ပထမဆုံး အစည်းအဝေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဖေဖော်ဝါရီ ၁၉ ရက်မှာ လက်ခံကျင်းပခဲ့ပါတယ်။

အဲဒီလို ကျင်းပနေချိန်မှာပဲ အမေရိကန်ဟာ ကုလသမဂ္ဂကို ပေးဖို့ရှိတဲ့ ဒေါ်လာ ၄ ဘီလီယံကျော်ထဲက သန်း ၁၆၀ ကိုပဲ ပေးချေရသေးတယ်လို့ သိရပါတယ်။

“ပြီးခဲ့တဲ့အပတ်က ကုလသမဂ္ဂ ပုံမှန်ဘတ်ဂျက်အတွက် အမေရိကန်က ပေးဖို့ အချိန်လွန်ပြီးဖြစ်တဲ့ ပမာဏရဲ့ တစိတ်တပိုင်းအဖြစ် ဒေါ်လာ သန်း ၁၆၀ လက်ခံရရှိပါတယ်” လို့ ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ်က ကြေညာချက် ထုတ်ပါတယ်။

ဒီငြိမ်းချမ်းရေးဘုတ်အဖွဲ့ အစည်းအဝေးမှာ ထရမ့်ပ်က ကုလသမဂ္ဂကိုလည်း ငွေကြေးအရ ကူညီပေးသွားဖို့ ရှိတယ်လို့ ပြောသွားပါတယ်။

ကုလသမဂ္ဂဟာ အင်မတန် အလားအလာရှိပေမဲ့ အလားအလာနဲ့ညီအောင် မဖြစ်ထွန်းတာသာ ဖြစ်ကြောင်းလည်း ထရမ့်ပ်က မှတ်ချက်ချခဲ့ပါတယ်။

အမေရိကန်ဟာ ကုလသမဂ္ဂကို ရန်ပုံငွေ အများဆုံးထည့်ဝင်တဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမဲ့ ထရမ့်ပ်အစိုးရ လက်ထက်မှာ မဖြစ်မနေ ထည့်ဝင်ရမဲ့ ငွေကြေးတွေကို မပေးတော့ဘဲ ကုလသမဂ္ဂအေဂျင်စီ ဒါဇင်ပေါင်းများစွာကနေလည်း နုတ်ထွက်ခဲ့ပါတယ်။

ထရမ့်ပ်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဒီ “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” ဟာ ဂါဇာစစ်ပွဲ အဆုံးသတ်ရေး အစီအစဉ်ရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီအဖွဲ့ဟာ ကိုလိုနီနယ်ချဲ့တွေရဲ့ အုပ်ချုပ်ရေးစနစ်လို ဖြစ်နေပြီး ပါလက်စတိုင်း ကိုယ်စားလှယ် မပါဝင်တဲ့အတွက် ကုလကျွမ်းကျင်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန်ထားကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013