
Alphabet လုပ်ငန်းကြီးရဲ့ အမှုဆောင်အရာရှိချုပ် ဆန်ဒါပီချိုင်းက အိန္ဒိယနဲ့ အမေရိကန်အကြား ရေအောက်ချိတ်ဆက်မှုရရေး စီမံကိန်းအသစ်တခုကို ဖေဖော်ဝါရီ ၁၈ ရက်မှာ ကြေညာခဲ့ပါတယ်။
ဉာဏ်ရည်တု AI ကဏ္ဍမှာ ဦးဆောင်သူဖြစ်လာဖို့ Alphabet ကုမ္ပဏီက ကြိုးပမ်းနေချိန်မှာ ကမ္ဘာတဝန်းက သုတေသီတွေကို ပံ့ပိုးပေးမဲ့ Google.Org AI for Science Impact Challenge ကိုလည်း ကြေညာခဲ့ပါတယ်။
အိန္ဒိယမှာကျင်းပနေတဲ့ AI Impact ထိပ်သီးညီလာခံအတွက် နယူးဒေလီမှာရှိနေတဲ့ ပီချိုင်းဟာ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာ မိုဒီနဲ့ မနက်အစောပိုင်းက တွေ့ဆုံခဲ့ပါတယ်။
မနှစ်က နှစ်စပိုင်းကစပြီး Alphabet ဟာ mega cap ကုမ္ပဏီတွေကြားမှာ နောက်ကျကျန်နေခဲ့ပြီး အခုဈေးကွက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄ ထရီလီယံကျော်ရှိတဲ့ ကုမ္ပဏီတွေထဲမှာ NVIDIA နဲ့ Apple တို့သာ ယှဉ်နိုင်ခဲ့ပါတယ်။
Source: Reuters


