
တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ မတ်လ ၉ ရက်ကနေ ၁၉ ရက်အထိ Freedom Shield လို့ လူသိများတဲ့ အဓိကပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွေကို လေ့ကျင့်မယ်လို့ နှစ်နိုင်ငံ စစ်ဘက်အရာရှိတွေက ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြောပါတယ်။
နှစ်ပတ်လည်စစ်ရေး လေ့ကျင့်မှုဟာ ကာကွယ်ရေး သဘောသဘာဝအတွက် ဖြစ်တယ်လို့ အရာရှိတွေက သတင်းစာရှင်းလင်းပွဲ တခုမှာ ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဒီသတ်မှတ်ချက်ဟာ ကျူးကျော်ဖို့ လေ့ကျင့်မှုအဖြစ် အချိန်အကြာကြီး ရှုတ်ချခဲ့တဲ့ မြောက်ကိုရီးယားနဲ့ ပဋိပက္ခတွေ ခဏခဏ မဖြစ်အောင်တော့ မတားနိုင်ပါဘူး။
အခု စစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်ရဲ့ စစ်ပွဲအတွင်း စစ်ဆင်ရေးထိန်းချုပ်မှုကို တောင်ကိုရီးယားဆီ လွှဲပေးရေး လက်ရှိပြင်ဆင်မှုတွေကို ပံ့ပိုးဖို့ အခွင့်အရေးတခုအဖြစ်လည်း ဆောင်ရွက်မယ်လို့ သူတို့က ပြောခဲ့ပါတယ်။
မနှစ်က ထပ်လေ့ကျင့်မှု အပါအဝင် အရင်လေ့ကျင့်မှုတွေအတွင်း အသင့်ဖြစ်မှုကို ပံ့ပိုးဖို့ ရည်ရွယ်တဲ့ ဘက်စုံနယ်ပယ်နဲ့ ကွပ်ကဲရေးစခန်း လေ့ကျင့်မှုတွေလဲ ခုတခေါက် လေ့ကျင့်ရာမှာ ပါဝင်တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားဟာ သမ္မတ အီဂျယ်မြောင်ရဲ့ ရာထူးသက်တမ်း ၂၀၃၀ ပြည့်နှစ်မှာ မကုန်ဆုံးမီ အမေရိကန်ဆီကနေ စစ်ရေးကွပ်ကဲမှုကို လွှဲပြောင်းယူဖို့ ရည်ရွယ်ထားပါတယ်။
လာမဲ့လမှာလုပ်မဲ့ မဟာမိတ်တွေရဲ့ လေ့ကျင့်မှုထဲမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေနဲ့ ဆက်စပ်တဲ့ အဟန့်အတားအတွက် အနာဂတ် အခြေအနေတွေ ပါမယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန် အရာရှိတွေက ပြောပါတယ်။
ကွင်းဆင်း လေ့ကျင့်မှုတွေကို ချိန်ညှိဖို့ ဆက်ဆွေးနွေးနေပြီး နောက်ဆုံးမိနစ်အထိ ဆက်ဆောင်ရွက်သွားမယ်လို့ အရာရှိတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
မြောက်ကိုရီးယားဟာ လက်ရှိမှာ အာဏာရ အလုပ်သမားပါတီရဲ့ နဝမအကြိမ်မြောက် ကွန်ဂရက်ကို ကျင်းပနေပါတယ်။
ဒီပွဲဟာ မြောက်ကိုရီးယားပြက္ခဒိန်မှာ အကြီးမားဆုံး နိုင်ငံရေးပွဲဖြစ်ပြီး နောက်ဆုံးပေါ် စစ်ရေးစွမ်းရည်တွေကို ပြဖို့ ပြုံယမ်းမှာ စစ်ရေးပြပွဲနဲ့ အဆုံးသတ်နိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
Source: Reuters


