Home
နိုင်ငံတကာ
အမေရိကန်နှင့် ထိုင်းနိုင်ငံတို့ ပါဝင်သည့် Cobra Gold စစ်ရေးလေ့ကျင့်မှု စတင်
DVB
·
February 24, 2026
Photo: Reuters

ထိုင်းနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ မဟာမိတ်တွေနဲ့အတူ အရှေ့တောင်အာရှရဲ့ အကြီးဆုံးနဲ့ အရှည်ကြာဆုံး စစ်ရေးလေ့ကျင့်မှုအဖြစ် ၄၅ ကြိမ်မြောက် Cobra Gold စစ်ရေးလေ့ကျင့်မှုကို ဖေဖော်ဝါရီ ၂၄ ရက်မှာ ထိုင်းနိုင်ငံ၊ ရယွန်ခရိုင်မှာ စတင်လိုက်ကြပါတယ်။

အခုနှစ် Cobra Gold စစ်ရေးလေ့ကျင့်ခန်းမှာ နိုင်ငံပေါင်း ၃၀ နဲ့ ဝန်ထမ်း ၈,၀၀၀ ကျော် ပါဝင်လေ့ကျင့်မှာပါ။

အခုနှစ် လေ့ကျင့်ခန်းတွေထဲမှာ ကုန်း၊ ရေ၊ လေနဲ့ အာကာသ အပါအဝင် စစ်ဆင်ရေးစင်တာက တဆင့် ကွပ်ကဲမှုစခန်း လေ့ကျင့်ခန်းနဲ့ ကွင်းဆင်းလေ့ကျင့်ရေး လေ့ကျင့်ခန်းတို့ကို ပေါင်းစပ်ထားတဲ့ ပေါင်းစပ်စစ်ဆင်ရေးတွေ ပါဝင်ပြီး အာကာသနဲ့ ဆိုက်ဘာနယ်ပယ်တွေကို ဆက်ပြီး အလေးပေး ထားပါတယ်။

၄၅ ကြိမ်မြောက် Cobra Gold စစ်ရေးလေ့ကျင့်ခန်းကို မတ် ၆ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013