Home
နိုင်ငံတကာ
အမေရိကန် လေယာဉ်တင်သင်္ဘော USS Gerald R. Ford ဂရိဆိပ်ကမ်းသို့ ရောက်ရှိ
DVB
·
February 24, 2026
Photo: Reuters

အမေရိကန်စစ်တပ်ရဲ့ USS Gerald R. Ford လေယာဉ်တင်သင်္ဘောဟာ ဂရိနိုင်ငံ၊ ခရီတီကျွန်းက ဆောင်ဒါဆိပ်ကမ်းဆီ ဖေဖော်ဝါရီ ၂၃ ရက်မှာ ရောက်လာပါတယ်။

ဒီကျွန်းဟာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ စစ်စခန်းတခုရှိရာ ကျွန်းဖြစ်ပြီး ဂရိ၊ အမေရိကန်နဲ့ မြေထဲပင်လယ်အရှေ့ပိုင်းက NATO စစ်မဟာမိတ်အဖွဲ့အတွက် မဟာဗျူဟာကျတဲ့ အဆောက်အအုံတခု တည်ရှိရာနေရာလည်း ဖြစ်ပါတယ်။

အီရန်အပေါ် လေကြောင်းတိုက်ခိုက်ဖို့ သီတင်းပတ်တွေ အများကြီးကြာအောင် ပြင်ဆင်နေတာတွေရဲ့ တစိတ်တပိုင်းအဖြစ် အရှေ့အလယ်ပိုင်းမှာ တပ်ဖွဲ့တွေ အများကြီးတိုးချဲ့ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမိန့်ပေးပြီးတဲ့နောက် ဒုတိယမြောက် လေယာဉ်တင်သင်္ဘောကို တွေ့ရတာလည်း ဖြစ်ပါတယ်။

၁၉၇၉ ခုနှစ် တော်လှန်ရေးနောက်ပိုင်း အစ္စလာမ်သမ္မတနိုင်ငံအပေါ် အပြင်းထန်ဆုံး လုပ်ဆောင်ချက်အဖြစ် အမေရိကန်က ဦးဆောင်နေတဲ့ အကြောင်းရင်းကို အမေရိကန်ပြည်သူတွေဆီ အသေးစိတ် မဖော်ပြပါဘူး။

အီရန်သမ္မတ မာဆွတ် ပေဇက်ရှ်ကီယန်က သူ့နိုင်ငံဟာ အမေရိကန်နဲ့ နျူကလီးယား ဆွေးနွေးပွဲတွေအတွင်း ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဆီက ဖိအားပေးမှုကို ခေါင်းငုံ့ခံမှာ မဟုတ်ဘူးလို့ ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြောပါတယ်။

အီရန်အစိုးရကို အီရန်ရဲ့ ရေရှည် နျူကလီးယား အငြင်းပွားမှုကို ဖြေရှင်းရေး သဘောတူဖို့ ဒါမှမဟုတ် “အလွန်ဆိုးရွားတဲ့ အရာတွေနဲ့ ရင်ဆိုင်ဖို့ အချိန် ၁၀ ရက်ကနေ ၁၅ ရက်အထိ နောက်ဆုံးထား သတ်မှတ်တယ်” လို့ ထရမ့်ပ်က ကြာသပတေးနေ့မှာ ပြောပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013