Home
မြန်မာသတင်း
မန္တလေး PDF က ”အထူးလှုပ်ရှားတပ်မ”အဖြစ် ဆက်လက်တိုက်ပွဲဝင်မည်
DVB
·
February 25, 2026
PDF-MDY4_25022026
PDF-MDY2_25022026
PDF-MDY3_25022026
PDF-MDY_25022026

ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး (PDF-MDY) အနေနဲ့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်ကွပ်ကဲ မှုအောက်ကနေ ”အထူးလှုပ်ရှားတပ်မ” အဖြစ် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ PDF-MDY တည်ထောင်ခြင်း ၅ နှစ်ပြည့် ဒီကနေ့ ဖေဖော်ဝါရီ ၂၅ ရက်မှာ ကြေညာပါတယ်။

ထုတ်ပြန်ချက်မှာတော့ “စစ်ရုံးချုပ်၏ ကွပ်ကဲမှုအောက်တွင် ‘အထူးလှုပ်ရှားတပ်မ’ အဖြစ် တော်လှန်ရေးတာဝန်များကို ဆက်လက်ထမ်းဆောင်လျက်ရှိပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ဦးလည်မသုန် တိုက်ပွဲဝင်သွားမည် ဖြစ်ပါကြောင်း ကတိသစ္စာပြုအပ်ပါသည်” လို့ ဖော်ပြထားပါတယ်။

‘အထူးလှုပ်ရှားတပ်မ’ (PDF-MDY)  ရဲ့ တည်ထောင်ခြင်း ၅ နှစ်ပြည့်အထိမ်းအမှတ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက “နွေဦးတော်လှန်ရေးသမိုင်းတလျှောက် စုစည်းကျစ်လျစ်မှု၊ စစ်ပုံကျမှု နှင့် တိုက်ခိုက်ရေးကဏ္ဍများတွင် ထူးခြားပြောင်မြောက်သည့် ဂုဏ်ထူးဝိသေသများနှင့် ပြည့်စုံပြီး ပြည်သူလူထု၏ အထူးအားကိုးယုံကြည်မှုကို ရရှိခဲ့သည့် တပ်ဖွဲ့တခုအဖြစ် ၁၀၂၇ စစ်ဆင်ရေးနဲ့ ရှမ်း-မန်း စစ်ရေးအပါအဝင် စစ်နယ်မြေအသီးသီးမှာ စွမ်းဆောင်ရည်ပြသနိုင်တယ်” လို့ ဂုဏ်ပြုသဝဏ်လွှာတွေ ပေးပို့ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က လှုပ်ရှားနေတဲ့ တပ်တခုဖြစ်ပြီး ၂၀၂၁ ခု ဖေဖော်ဝါရီ ၂၅ ရက်မှာ စတင်တည်ထောင်ခဲ့တာပါ။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၅ နှစ်ပြည့်နေ့အတွက် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မိုးကုတ်ဗျူဟာ) တို့ကလည်း စစ်အာဏာရှင်အမြစ်ဖြတ်ရေး အတူတကွပူးပေါင်းကာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဂုဏ်ပြုသဝဏ်လွှာ အသီးသီးပေးပို့ခဲ့ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013