
ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးရဲ့ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲ” ရဲ့ သားကောင်တွေအတွက် မိသားစုဝင်တွေက တရားမျှတမှုကို ဖေဖော်ဝါရီ ၂၃ ရက်မှာ တောင်းဆိုခဲ့ကြပါတယ်။
အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICC) မှာ ကြားနာမဲ့ စွဲချက်တွေကို အတည်ပြုတဲ့ပွဲအတွက် တိုက်ရိုက်ထုတ်လွှင့်မှုကို မိသားစုဝင်တွေက မနီလာမြို့တော်မှာ ကြည့်ရှုခဲ့ကြတာပါ။ တချို့က ကြားနာမှုကို နားထောင်နေချိန်မှာ သူတို့ရဲ့ မိသားစုဝင်တွေရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ထားကြပါတယ်။
နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ အခြေစိုက် ICC တရားရုံးက ရှေ့နေတွေက ဒူတာတေးကို လူသတ်မှု ၃ မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် တရားစွဲဆိုခဲ့တာပါ။
အမှုမှာ ဖော်ပြတဲ့ အရေအတွက်ဟာ မူးယစ်ဆေးဝါးသုံးသူတွေနဲ့ ရာဇဝတ်သားတွေလို့ စွပ်စွဲခံရသူတွေကို နှိမ်နင်းရာမှာ အမှန်တကယ် သေဆုံးသူ အရေအတွက်ရဲ့ အစိတ်အပိုင်းတခုမျှသာ ဖြစ်တယ်လို့ စွပ်စွဲသူတွေက ပြောပါတယ်။
ICC စည်းမျဉ်းတွေအရ အမှုကို ရုံးတင်မစစ်ဆေးနိုင်မီ တရားသူကြီးတွေက စွဲချက်တွေကို အတည်ပြုရမှာ ဖြစ်ပါတယ်။
ဒူတာတေးဟာ၂၀၁၆ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ ဖိလစ်ပိုင်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပြီးခဲ့တဲ့ မတ်လမှာ ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် သူ့ကို သည်ဟိဂ်ကို ခေါ်ဆောင်သွားခဲ့ပါတယ်။
Source: Reuters


